
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၁။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထားသောအများနှင့်သက်ဆိုင်သောကုမ္ပဏီများအနက်အများပြည်သူသို့အစုရှယ်ယာရောင်းချခွင့် ရှိသော ကုမ္ပဏီ ၅၅ ခု စာရင်းအား ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၈ ၇က်နေ့ ကြေးမုံသတင်းစာတွင် ကြေညာခဲ့ပြီး ဖြစ်ပါ သည်။
၂။ ယခုအခါအများပြည်သူသို့အစုရှယ်ယာရောင်းချခွင့်ရှိသောခွင့်ပြုထားသည့် အောက်ပါကုမ္ပဏီစာရင်းများကို သိရှိနိုင်ပါရန် ထပ်မံအသိပေးကြေညာအပ်ပါသည်-
| စဉ် | ကုမ္ပဏီအမည် | မှတ်ပုံတင်အမှတ်နှင့်ရက်စွဲ |
|---|---|---|
| တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ လီမိတက်TANINTHARYI DIVISION DEVELOPMENT PUBLIC COMPANY LIMITED | ၁၃၅၉/၂၀၁၂-၂၀၁၃(၂၂-၆-၂၀၁၂) | |
| ထားဝယ် ဖွံ့ဖြိုးတိုးတက်မှု အများပိုင် ကုမ္ပဏီ လီမိတက်DAWEI DEVELOPMENT PUBLIC COMPANY LIMITED | ၁၇၉၅/၂၀၁၂-၂၀၁၃(၇-၈-၂၀၁၂) | |
| ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်RAKHINE ECONOMIC INITIATIVE PUBLIC COMPANY LIMITED | ၃၉၇၄/၂၀၁၃-၂၀၁၄(၁၇-၁၀-၂၀၁၃) | |
| မြိတ်အနာဂါတ်ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်MYEIK FUTURE DEVELOPMENT PUBLIC COMPANY LIMITED | ၅၇၂၃/၂၀၁၃-၂၀၁၄(၅-၃-၂၀၁၄) |
၃။ အထက်အပိုဒ် ၂ ပါကုမ္ပဏီ ၄ ခု အပါအဝင် ယခင် ထုတ်ပြန်ကြေညာထားသည့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ ၅၅ ခု၊ စုစုပေါင်းကုမ္ပဏီ ၅၉ ခုမှလွဲ၍ ကျန်မည်သည့် စီးပွားရေးလုပ်ငန်းကမျှ အများပြည်သူသို့ အစုရှယ်ယာ ရောင်းချခွင့်မရှိပါကြောင်းနှင့် အများပြည်သူသို့အစုရှယ်ယာရောင်းချရန် ထပ်မံခွင့်ပြုသော ကုမ္ပဏီများ ရှိလာပါက ၎င်းတို့ကိုလည်းဆက်လက်အသိပေးထုတ်ပြန်ပေးမည်ဖြစ်ပါကြောင်းသိရှိနိုင်ပါရန် အသိပေးကြေညာအပ် ပါသည်။