
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြောက်ဥက္ကလာပ မြို့နယ်ရှိ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၏ စီးပွားဖြစ်စတင်ခြင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တို့ရှိ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်းတို့၏ အတည်ပြုမိန့်ရယူရန် လျှောက်ထားလာခြင်းနှင့် CMP စနစ်ဖြင့် အားကစား လက်အိတ် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၏ ထုတ်ကုန်များ တိုးမြှင့်ခွင့် လျှောက်ထား လာခြင်းတို့အပေါ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
