
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မှော်ဘီမြို့နယ်၊ နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံ၏ စီးပွားဖြစ်စတင် လည်ပတ်ထုတ်လုပ်ရန်အတွက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ၊ အတည်ပြုမိန့်ရယူရန် လျှောက်ထားလာသော သစ်သားပြား အမျိုးမျိုးနှင့် ပရိဘောဂ အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း နှင့် CMPစနစ်ဖြင့် ကားပုံစံငယ်နှင့် ကားပုံစံငယ် အစိတ်အပိုင်း ထုတ်လုပ်ခြင်းလုပ်ငန်း မှ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်၍ စက်ပစ္စည်းများ တင်သွင်းခွင့် တင်ပြလာခြင်းအပေါ် မြေပြင်အခြေ အနေများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံသူများ၏ တာဝန် ဝတ္တရားများ လိုက်နာ ဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ နှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
