
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် မြောက်ဥက္ကလာပ မြို့နယ်ရှိ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီ၏ စီးပွားဖြစ်စတင် လည်ပတ်ရန်အတွက် လျှောက်ထားခြင်းနှင့် ပြည်တွင်းရှိ Shoe Last များအား Recycling ပြုလုပ်ပြီး ပြည်တွင်းရှိ CMP ဖိနပ်လုပ်ငန်းများသို့ ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ဦးထုပ်အမျိုးမျိုးချုပ်လုပ်ခြင်းနှင့် CMP စနစ်ဖြင့် အိတ်အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်းတို့၏ အတည်ပြုမိန့် ရရှိပြီးနောက် လုပ်ငန်းဆောင်ရွက်နေမှု မြေပြင်အခြအနေတို့အား ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီးမြှုပ်နှံ သူများ၏ တာဝန် ဝတ္တရားများ လိုက်နာ ဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။
