
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံအတွင်းသို့ စီးဝင်လာခဲ့သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမှန် စာရင်းပြုစုနိုင်ရေးနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု သဘောတရားများ၊ Survey Form ဖြည့်နည်း တို့ကို သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စာရင်းအင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြား ရေးမှူးချုပ် ဦးသန့်စင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ ဘာသာရပ်ကျွမ်းကျင်သူများနှင့် ပြင်ပ Zeya & Associates Co., Ltd. မှ ကျွမ်းကျင် ပညာရှင်တို့က FDI Concept ၊ Definition ၊ Methodologies နှင့် Survey Questionnaire Form ဖြည့်သွင်း နည်းများကို ဆွေးနွေးပို့ချခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်မှ ၈ ရက်အထိ ၂ ရက်ကြာ ကျင်းပသွားမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများမှ တစ်ရက်လျှင် ၄၀ ခုနှုန်းဖြင့် စုစုပေါင်း ကုမ္ပဏီပေါင်း ၈၀ ခုတို့၏ အထွေထွေမန်နေဂျာများ၊ Financial Controller များ၊ Chief Accountant များနှင့် Accountant များ ပါဝင်သည့် ကိုယ်စားလှယ် ၁၅၀ ကျော် တက်ရောက်သွားမည် ဖြစ်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲရလဒ်အဖြစ် ယခု တက်ရောက်လာသော ကုမ္ပဏီများနှင့် ယခင် Survey များတွင် ပူးပေါင်းပါဝင်ခဲ့သည့် ကုမ္ပဏီ ၁၅၀ ခု စုစုပေါင်း ကုမ္ပဏီပေါင်း ၂၅၀ ခုအတွက် Survey ကောက်ယူ မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအမှန်စာရင်းအား ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။





