
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၅ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ကရင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့် အပါအဝင် အဖွဲ့ဝင် (၇) ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့် ရရှိ ထားသော Hpa An Traditional Lodge Ltd. က အစုရှယ်ယာ ပြောင်းလဲခြင်း လျှောက်ထားလွှာ တင်ပြလာမှုအပေါ်စိစစ်ခြင်း၊ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်၍ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ် ကရင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဝင်ရောက်နိုင်မှု အခြေအနေနှင့် ရင်းနှီးမြှုပ်နှံမှုလျာထား မျှော်မှန်းချက်များအား ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌထံတင်ပြ၍စိစစ်လမ်းညွှန်မှုခံယူခဲ့ပါသည်။

