
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ မြို့နယ်ရှိ CMP စနစ်ဖြင့် သတို့သမီးဝတ်စုံ အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိသော ကုမ္ပဏီ၏ စီးပွားဖြစ်စတင် လည်ပတ်ရန်အတွက် လျှောက်ထားခြင်း၊ CMP စနစ်ဖြင့် အဝတ်အထည်များ ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ဦးထုပ်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း၊ Tape၊ Plastic Sheet နှင့် ထုပ်ပိုးပစ္စည်းများ ထုတ်လုပ်၍ ပြည်တွင်း CMP လုပ်ငန်းများနှင့် ပြည်ပသို့ ရောင်းချခြင်းလုပ်ငန်း နှင့် CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုးချုပ်လုပ် ခြင်းလုပ်ငန်းတို့၏ မြေပြင်လုပ်ငန်း စတင်ဆောင်ရွက်ခြင်း ရှိ မရှိ အခြေအနေ တို့အား ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပါသည်။
