ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည်မြဝတီမြို့နယ်၊ ကရင်ပြည်နယ်တွင်ကရင်ပြည်နယ် ရင်းနှီး မြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့်ဟိုတယ်တည်ဆောက်လုပ်ကိုင်ခြင်းလုပ်ငန်း ဆောင်ရွက် နေသော ကုမ္ပဏီအား Virtual System ဖြင့်တွေ့ဆုံခဲ့ပါသည်။ ထို့အပြင်ဘားအံမြို့နယ်၊ ကရင်ပြည်နယ်တွင်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် SKD စနစ်ဖြင့် လျှပ်စစ်သုံး နှစ်ဘီး၊ သုံးဘီး မော်တော်ဆိုင်ကယ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်း ဆောင်ရွက်နေသောကုမ္ပဏီနှင့် ဘားအံစက်မှုဇုန်တွင် ကရင်ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် အဆင့်မြင့် စားအုန်းဆီသန့်စင်ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူး ခြင်းလုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီများသို့၂၀၂၅ခုနှစ်အောက်တိုဘာလ၂၄ရက်နေ့တွင်သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။