
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ကုမ္ပဏီ ၃ ခုမှ အတည်ပြုမိန့်လျှောက်ထားလွှာတင်ပြလာခြင်းအပေါ် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အတည်ပြုမိန့် ထုတ်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြ ပါသည်။

