မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅ /၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော သက်ဆိုင်ရာ ဌာနများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာသောလုပ်ငန်း(၁)ခု၊ ရင်းနှီးမြှုပ်နှံသူအမည်ပြောင်းလဲခြင်းနှင့် အစုရှယ်ယာလွှဲပြောင်းခြင်း လုပ်ငန်း(၁)ခုတို့ကို အတည်ပြုပေးခဲ့ပါသည်။