
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ
ဝန်ဆောင်မှုများ ပေးလျက်ရှိ
(နေပြည်တော်၊ ၈-၂-၂၀၂၆)
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရင်ပြင်၌ ကျင်းပသည့် “ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်” တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန (MIFER) ပြခန်း ဖွင့်လှစ်ထားပြီး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု မည့်ဝန်ဆောင်မှုများကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိ သည်။
အဆိုပါ ပြပွဲသည် MSME ထုတ်ကုန်များကို ရောင်းချပြသခြင်း သာမက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် စိုက်ပျိုးတောင်သူများအတွက် လုပ်ငန်းတိုးတက်ရေးဆိုင်ရာ ဈေးကွက်၊ နည်းပညာနှင့် အရင်းအနှီးများ ချိတ်ဆက်ရရှိရန်အတွက် လက်တွေ့အကူအညီများ ရရှိနိုင်သည့် ပလက်ဖောင်းတစ်ခုအဖြစ် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ကိုယ်စားပြု MSME လုပ်ငန်းများစွာ စုံလင်စွာ ပါဝင်ပြသလျက်ရှိသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြခန်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် MSME လုပ်ငန်းများချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ တစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့မှုအခြေအနေများ၊ အလားအလာရှိသည့် ရင်းနှီး မြှုပ်နှံမှုကဏ္ဍများနှင့် နိုင်ငံခြားစီးပွားဆက်သွယ်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နိုင် ခဲ့မှုအခြေအနေများကို ပြသထားပြီး၊ ရန်ကုန်တိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက် အလက်များကို ကွန်ပျူတာစနစ်ဖြင့် လွယ်ကူစွာ ရှာဖွေသိရှိနိုင်မည့် Yangon Geolocation Information System (YIGIS) စနစ်တို့ကိုလည်း ထည့်သွင်း ပြသဆောင်ရွက်လျက်ရှိသည်။
MIFER ဝန်ကြီးဌာနပြခန်းတွင် Myanmar Companies Online (MyCO Desk)နှင့် Investment Desk များထားရှိကာ ကုမ္ပဏီအသစ်ဖွဲ့စည်းမှတ်ပုံတင်လိုသည့် MSME လုပ်ငန်း အတွက် မြန်မာကုမ္ပဏီအွန်လိုင်းမှတ်ပုံတင်စနစ် (MyCO) ဖြင့် ချက်ချင်းစိစစ်မှတ်ပုံတင်ပေးခဲ့ပြီး၊ မိရိုးဖလာစီးပွားရေးလုပ်ငန်းများ(Traditional Business) မှ ပိုမိုစနစ်ကျပြီး နိုင်ငံတကာဈေးကွက် သို့ တိုက်ရိုက်ချိတ်ဆက်နိုင်မည့် ကော်ပိုရိတ်စီးပွားရေးလုပ်ငန်း (Corporate Business) များအဖြစ် တိုးတက်ဆောင်ရွက်နိုင်ရေး ဝန်ဆောင်မှုပေးခဲ့ပါသည်။
ထို့အတူ မှတ်ပုံတင်ပြီးကုမ္ပဏီများအတွက် နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြခြင်း၊ ဒါရိုက်တာခန့်အပ်ခြင်း၊ အစုရှယ်ယာတိုးမြှင့်ခြင်းနှင့် ဆန္ဒအလျောက် ကုမ္ပဏီရှင်းလင်း ဖျက်သိမ်းခြင်းစသည့် ကုမ္ပဏီဆိုင်ရာမေးမြန်းချက်များကို အသေးစိတ်ပြန်လည် ရှင်းလင်းဆွေးနွေး ခြင်း၊ နည်းပညာအကူအညီပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။
အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားသောက်ကုန်နှင့် အိမ်သုံးကုန်ပစ္စည်းထုတ်လုပ်ခြင်း၊ ပီလောပီနံ စိုက်ပျိုးခြင်း၊ ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ စတီးလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းနှင့် ရေထွက်ပစ္စည်းအခြေခံ တန်ဖိုးမြှင့် ထုတ်ကုန်များ စသည့် MSME ထုတ်ကုန်များကို ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ရန် အကြုံပြုဆွေးနွေးပေးခဲ့သည်။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် MSME ဈေးရောင်းပွဲတော်တွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် ကုမ္ပဏီဆိုင်ရာ မှတ်ပုံတင်ခြင်း ကိစ္စရပ်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးအကြံပြုဝန်ဆောင်မှုပေးခြင်းများကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။











