ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

Print Friendly, PDF & Email

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ(ARIC)၏ အတည်ပြုမိန့်ဖြင့် ရင်းနှီး မြှုပ်နှံမှု ဆောင်ရွက်လျက်ရှိသည့် ပုသိမ်ခရိုင်၊ မြောင်းမြမြို့နယ်ရှိ ဆန်စပါးအခြေခံ တန်ဖိုးမြှင့်ဆန် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ပိုင် ဦးဆောင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သွားရောက် စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။