
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်လာ စေရန်အတွက် “ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ချိတ်ဆက် ဆွေးနွေးခြင်းဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲ” အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် နေပြည်တော်ကောင်စီရုံးဝင်းရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီဝင်များ၊ ရင်နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ၊ အငယ်စား၊ အလတ်စား ပုဂ္ဂလိကလုပ်ငန်းရှင်များ အပါအဝင် စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နေပြည်တော်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြား ရေးမှူး၊ ဒေါ်ဖြိုးပွင့်ဟန်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များနှင့်စပ်လျဉ်း၍လည်းကောင်း၊ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူး၊ ဦးဝင်းဦးက ပုဂ္ဂလိကစက်မှုမှတ်ပုံတင်လုပ်ငန်းများနှင့် ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းများဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကိုကိုသက်က နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းများဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများက သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ ဆွေးနွေးမေးမြန်း ခဲ့ကြကြောင်း သိရှိရသည်။
ထို့ပြင် စက်မှုကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍ၊ အခြား၊ အိမ်ယာနှင့် လျှပ်စစ်ကဏ္ဍများတွင် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များ အနေဖြင့် ကဏ္ဍအလိုက် Bussiness Matching အစီအစဉ်တွင် စိတ်ဝင်စားစွာ တက်ရောက် ဆွေးနွေးခဲ့ပါကြောင်း သိရှိရသည်။



