
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
POSTED ON 30 DECEMBER 2022

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ဦးတင်ဦးလွင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ရရှိထားသည့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်း၏ တည်ဆောက်ရေးကာလတိုးမြှင့်ခြင်းနှင့် အခြေခံပညာရေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ခြင်း နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ထို့ပြင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုထားသည့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်း နှင့် ကြက်ဥ၊ မျိုးကြက်ခြံနှင့် ကြက်သား ပေါက်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတို့၏ လုပ်ငန်းမြေနေရာ အခြားနည်းအသုံးပြုခွင့်ရရှိနိုင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါသည်။