
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကချင် ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးအား ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် အဆင်သင့်ဖော်စပ်ပြီးသော ကွန်ကရစ်များ ရောင်းချခြင်းလုပ်ငန်းကို အတည်ပြုခဲ့ပါသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၂၇ ဦး ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။