
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ရုံး၌ ဗီဒီယိုကွန်ဖရင့်ကို အသုံးပြု၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင် များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁)ခုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၂) ခု တို့ကို အတည်ပြုပေးခဲ့ပါသည်။ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် ပလတ်စတစ်ပြား ထုတ်လုပ်ခြင်းလုပ်ငန်း၊ အဝတ်အထည် ချုပ်လုပ်ခြင်းလုပ်ငန်းနှင့် ချည်မျှင် ထုတ်လုပ်ခြင်းလုပ်ငန်း တို့ ဖြစ်ပါသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ မြန်မာကျပ်ငွေ ၇၀၀ သန်းနှင့် အမေရိကန်ဒေါ်လာ ၅.၅၉၄ သန်းဖြစ်ပြီး လုပ်ငန်း စုစုပေါင်း(၃)ခု တို့မှ ပြည်တွင်း အလုပ်အကိုင် အခွင့် အလမ်း ၄၉၀ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အစည်းအဝေးတွင် အထွေထွေ ကိစ္စ ရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၂၆) ခု၏ တင်ပြချက်များ ကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။