
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
POSTED ON 16 DECEMBER 2022

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဉက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်၊ ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုဒေသတွင် Seafield Industries Co., Ltd. မှ ပန်းသီး၊ ပန်းသစ်တော်စိုက်ပျိုးရေးလုပ်ငန်း၊ Sunrise International Co., Ltd. မှ မက္ကဒေးမီးယားစိုက်ပျိုးရေးလုပ်ငန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လိုခြင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
