ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ဝန်ဆောင်မှုပေးခြင်း

Print Friendly, PDF & Email

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေး အဖွဲ့သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်း၏ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။