
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
POSTED ON 04 MAY 2023

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ သီရိပျံချီ ဦးခက်ထိန်နန် ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင် များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စိုက်ပျိုးရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁ သန်း ရင်းနှီးမြှုပ်နှံမည့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုကို အတည်ပြုပေးခဲ့ပါသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၁၁၇ခု ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။