
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ The Department of Commerce of Hubei Province တို့ ပူးပေါင်း၍ Virtual စနစ်ဖြင့် ကျင်းပသည့် “Matchmaking Conference on China (Hubei)-Myanmar Investment Cooperation Promotion” သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ ပါသည်။
ဆက်လက်၍ အဆိုပါ ညီလာခံတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်အောင်က “မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်နှင့် အခွင့်အလမ်းများ မြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။
ညီလာခံကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Chen Hai၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဉီးဇော်မင်းဝင်း၊ Hubei Department of Commerce က ညွှန်ကြားရေးမှူးချုပ်၊ China Enterprises Chamber of Commerce in Myanmar (CECCM)မှ ဘာသာရပ်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဟူပေပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၁၂၅ ဉီးခန့် တက်ရောက် ခဲ့ကြပါသည်။
အဆိုပါ ညီလာခံကို ကျင်းပခြင်းအားဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သည့် အပြင် စက်မှုဇုန်များ၊ လယ်ယာစိုက်ပျိုးရေး၊ ဆက်သွယ်ရေး၊ မော်တော်ယာဉ်လုပ်ငန်းနှင့်ဆေးဝါး လုပ်ငန်းစသည့် အလားအလာရှိသော စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးတက်လာမည် ဖြစ်ပါသည်။




