
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၁။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈၊ ၁၉ ရက်နေ့များတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့သောတင်ဒါအခမ်းအနားတွင် အောက်ဖော်ပြပါကုမ္ပဏီများမှ တင်ဒါအောင်မြင်ခဲ့ပါသည်-
| စဉ် | လုပ်ငန်း | ကုမ္ပဏီအမည် |
| (က) | လူပျို/အပျိုဆောင်တည်ဆောက်ခြင်း 7 storeyed RC(မြေညီထပ်ကားပါကင်) (36 Units) (၁၄၁ ပေ x ၃၀ ပေ x ၇၂ ပေ) (၆ခန်းတွဲ ၇ ထပ်)။ | Kinetic Arts Co.,Ltd |
| (ခ) | အိမ်ထောင်သည်လိုင်းခန်းတည်ဆောက်ခြင်း 7 storeyed RC(မြေညီထပ်ကားပါကင်) (36 Units) (၁၄၁ ပေ x ၃၀ ပေ x ၇၂ ပေ) (၆ခန်းတွဲ ၇ ထပ်)။ | Moon Sun Co.,Ltd |
| (ဂ) | ရုံးချုပ် (၃) ထပ်ဆောင်(၂) ပေ ပတ်လည်ကြွေပြားခင်းခြင်း(၄၅၄ ပေ x ၆.၅ ပေ) x ၃ (၈၈၅၃ စတုရန်းပေ)။ | ထူးသက်ဝေကုမ္ပဏီလီမိတက် |
| (ဃ) | ၂ ထပ်ဆောင်ခေါင်မိုးပြုပြင်ခြင်း (M Kcm) ဖြင့် အမိုးမိုးခြင်း၊ Hollow Frame ဖြင့် အမိုးဒိုင်းများလဲလှယ်ခြင်း(၂၆၄၀ စတုရန်းပေ)။ | ထူးသက်ဝေကုမ္ပဏီလီမိတက် |
| (င) | ကွန်ပျူတာနှင့် Network Maintenance ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်း။ | Mellium System Integration Technology Co.,Ltd |
| (စ) | Video Conferencing ပြုလုပ်ရန်အတွက် Installation, Testing Configuration and Training ဝန်ဆောင်မှုလုပ်ငန်း။ | GNE Co.,Ltd |
| (ဆ) | ရုံးချုပ်အဆောင်အဦအပြင် (၆၁၂ ပေ x ၄ ပေ) သစ်သားဒိုင်း များအပါအဝင် မျက်နှာကျက်ပြုလုပ်ခြင်းလုပ်ငန်း။ | ထူးသက်ဝေကုမ္ပဏီလီမိတက် |
| (ဇ) | ရေသိုလှောင်ကန်ဆောက်လုပ်ခြင်း (ဂါလံ ၅၀၀၀ဆံ့) လုပ်ငန်း။ | ထူးသက်ဝေကုမ္ပဏီလီမိတက် |
| (စျ) | အမိုးသွပ်အသစ်လဲခြင်းနှင့်မျက်နှာကျက်အသစ်ပြန်ကပ်ခြင်း လုပ်ငန်း။ | Tat Thit Sa Co.,Ltd |
၂။ အဆိုပါကိစ္စအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ (၁၂/၂၀၁၉) ကြိမ်မြောက် အစည်း အဝေးသို့တင်ပြခဲ့ရာ လုပ်ထုံးလုပ်နည်းနှင့်အညီဆက်လက်ဆောင်ရွက်ရန် အတည်ပြုခဲ့ပြီးဖြစ်ပါ သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဉီးစီးဌာန