
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နှင့် လှိုင်သာယာမြို့နယ် တို့တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော He Xing Da Leather Manufacturing Co., Ltd.၊ Wellgreen Outdoor (Myanmar) Co., Ltd.၊Hunter Textile Company Limited၊ Myanmar Soe San Win Manufacturing Company Limited၊ Textile Palace Co., Ltd.၊ Amber Stone Co., Ltd.၊ Hong Xi Technology (Myanmar) Co., Ltd.၊ Dehong Technology (Myanmar) Co., Ltd. တို့မှ တာဝန်ရှိသူများနှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်၊ ၁၉ ရက်၊ ၂၀ ရက်၊ ၂၂ ရက်နေ့တို့တွင် video conferencing စနစ် အသုံးပြု၍ တွေ့ဆုံခဲ့ပါသည်။ စစ်ဆေးရေးအဖွဲ့သည် စက်ရုံများ၏ Coronavirus Disease 2019(COVID-19) ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာန များတွင် အထူးဂရုပြု လိုက်နာရမည့် အချက်များ (Version 4.0) (Version 4.1) (Version 5.0) လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေကို စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။