
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် မလိခခန်းမ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ကချင်ပြည်နယ် ရင်းနှီး မြှုပ်နှံမှုကော်မတီ ဉက္ကဋ္ဌ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များသည် ကချင် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် အစီရင်ခံစာ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကွင်းဆင်းစစ်ဆေးမည့်အစီအစဉ်များ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့က ခွင့်ပြုပေးထားသည့် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။