
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
POSTED ON 29 NOVEMBER 2022

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် အဖွဲ့သည် လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ရှိ Carton Box များ ထုတ်လုပ်၍ ပြည်တွင်းရှိ CMP စက်ရုံများသို့ ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၄ ရက် နေ့တွင် သွားရောက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အမိန့်ကြော်ငြာစာ အမှတ် (၈၇/၂၀၁၇) အရ အခွန်အကောက်ကင်း လွတ်ခွင့်ဖြင့် တင်သွင်းခဲ့သော ကုန်ကြမ်းပစ္စည်း များအား အမှန်တင်သွင်းခဲ့မှု အခြေအနေ၊ ကုန်ချောထုတ်လုပ်ရောင်းချမှု အခြေအနေများ၊ ကုန်ချောများ ပြည်ပသို့ တင်ပို့မှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။