
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ဖေဖော်ဝါရီလ ၄ ရက်
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့ နေ့လည်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာန တာဝန်ခံများကို Video conferencing စနစ်ဖြင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေးအတွက် အရည် အသွေး ပြည့်ဝစွာဖြင့် အကောင်းဆုံးဝန်ဆောင်မှုများကို မြန်ဆန်သွက်လက်စွာ ပေးနိုင်ရန် အလေးအနက်ထား၍ မှာကြားခဲ့ပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများက မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါ သည်။

