
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကချင်ပြည်နယ်ရှိ ဟိုတယ်လုပ်ငန်းရှင်များကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခံစားရရှိနိုင် မည့် အခွင့်အရေးနှင့် အကာအကွယ်များ၊ အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များနှင့် အတည်ပြု လျှောက်ထားလွှာ တင်ပြခြင်း ရှင်းလင်းဆွေးနွေးပွဲကို အစည်းအဝေးခန်းမ၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး၊ မြစ်ကြီးနားမြို့၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံသူ ၁၄ ဦးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်မိုးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခံစားခွင့်ရှိသည့် “အခွင့်အရေး နှင့် အကာအကွယ်များ၊ အခွန်ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များ” အား ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်မိုးဟိန်းက “ပုံစံ ၄(ခ)နှင့် ပူးတွဲတင်ပြရမည့်အချက်အလက်များ” အား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ အခမ်းအနားကို နေ့လည် (၁၂) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
