
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်အတွင်း ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် စကားဝိုင်းဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းရုံး၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌဒေါက်တာ ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရရှိနိုင်သော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှင်းလင်းခြင်း၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက ရှမ်းပြည်နယ်အတွင်း ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းခြင်း၊ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးမည့် ကျေးရွာများတွင် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများစာရင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ တက်ရောက်လာသော ကိုယ်စားလှယ်များအားလုံးက ဆီထွက်သီးနှံ တိုးချဲ့ စိုက်ပျိုးရေး၊ တိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့အတွက် တွေ့ကြုံရသည့် အခက်အခဲများ၊ အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

