
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ထားဝယ် ဇန်နဝါရီ ၃
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ ရုံးအဆောက်အဦအသစ် ဖွင့်ပွဲ အခမ်းအနားအား ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌ ဦးကြည်စိုးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦး၊ အစိုးရဌာနအဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကဏ္ဍမှ ဒေသခံလုပ်ငန်းရှင်များ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ (၁၀၀) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တနင်္သာရီတိုင်း ဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌ ဦးကြည်စိုးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးတို့မှ ရုံးအဆောက်အဦသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးသည် ထားဝယ်မြို့၊ ဆန်းချီတိုးချဲ့မြို့သစ်ရပ်ကွက်၊ ပဒုမ္မာလမ်းနှင့် စိန်ပန်းပင်လမ်းအကြားတွင် တည်ရှိပြီး တနင်္သာရီတိုင်းအတွင်း ဆောင်ရွက်လိုသော ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များအား လက်ခံစိစစ်ခွင့်ပြုပေးခြင်း၊ အွန်လိုင်း ကုမ္ပဏီမှတ်ပုံတင်ခြင်း စသည့် လုပ်ငန်းများအား ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

