
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၃ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးမှ စက်မှုကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၁)ခု၊ မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃)ခုနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခု စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၅)ခုတို့၏ အတည်ပြု လျှောက် ထားလွှာများကို ခွင့်ပြုခဲ့ပါသည်။ အတည်ပြုမိန့် ရရှိခဲ့သည့် လုပ်ငန်း(၅)ခု၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျပ် ၉၃၅၀.၇၀၀ သန်းနှင့် အမေရိကန်ဒေါ်လာ ၀.၄၇၆ သန်းရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်း ၂၆၅ နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။