
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ကမ္ဘာ့ဘဏ်၏ Doing Business Report နှင့်ပတ်သက်သော Starting a Business နှင့် Protecting Minority Investors ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ Starting a Business Indicator ဆိုင်ရာ အထောက်အကူပြုအဖွဲ့နှင့် Protecting Minority Investors Indicator ဆိုင်ရာ အထောက်အကူပြုအဖွဲ့ ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ကမ္ဘာ့ဘဏ် မှ Private Sector Specialist ဖြစ်သူ Mr. Frederic Meunier က Starting a Business Indicator နှင့် Protecting Minority Investors Indicator ဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှလည်း ပြန်လည် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
