
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကျင်းပခဲ့ရာ ကချင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဉက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ကချင်ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ တာဝန်ရှိ သူများမှ ၎င်းတို့၏ စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပြင် ကွင်းဆင်းစစ်ဆေးမည့် အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအစီအစဉ်များ၊ ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် အခြေ အနေများကို ဆွေးနွေးခဲ့ကြပါသည်။