
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးလှစိုးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် စက်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄.၀၇၂ သန်း ခန့်ရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၃)ခုတို့ကို အတည်ပြုပေးခဲ့ပြီး အဆိုပါ လုပ်ငန်း (၃) ခုတို့မှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၁၈၄၁ ဦး ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၉)ခု ၏ တင်ပြချက်များကို လည်းဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။