
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ သံလွင်အစည်းအဝေးခန်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌက မွန်ပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုစီးဝင်လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးကို ကော်မတီဝင်များအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်း(၂)ခုအား ရင်းနှီးမြှုပ်နှံသူအမည် ပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် လုပ်ငန်းတည်ဆောက်မှု/ ပြင်ဆင်မှုကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာသော လုပ်ငန်း(၃)ခုကို အတည်ပြုပေးနိုင်ရေး ဆွေးနွေးခဲ့ပါသည်။
