
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

(ရန်ကုန်၊ ဇွန် ၁၈)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များတွင် ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း မီးလောင် ဆုံးရှုံးခဲ့သော စက်ရုံများ၏ ပျက်စီးဆုံးရှုံးခဲ့သည့် မော်တော်ယာဉ်များ နှင့် စက်ရုံအာမခံကိစ္စရပ်များ ကူညီဆောင်ရွက်ပေးရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် ဦးဆောင်သည့် အစည်း အဝေးကို ၂၀၂၁ ခုနှစ် ဇွန် လ ၁၈ ရက်နေ့ နေ့လည် ၁:၀၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် တက်ရောက်လာသူများက ကုမ္ပဏီများ၏ ပျက်စီးဆုံးရှုံးခဲ့သည့် မော်တော်ယာဉ်နှင့် စက်ရုံအာမခံကိစ္စရပ်များနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေများနှင့်အညီ နစ်နာမှုမရှိစေရေး အတွက် ကူညီပံပိုးမှု အစီအစဉ်များကို ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသန်းအောင်ကျော်၊ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင် (၃)၊ ဦးအောင်သန်းဦး၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၊ ပုဂ္ဂလိကအာမခံ ကုမ္ပဏီနှင့် စက်ရုံကိုယ်စားလှယ် (၉) ဦးတို့ တက်ရောက် ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။
