
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဦးဆောင်၍ ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေး ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေး အစိုးရ၊ ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ရှမ်းပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံး တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမှ အဖွင့် အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရရှိနိုင်သော ရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်း၊ လုပ်ထုံးလုပ်နည်းများရှင်းလင်းခြင်း၊ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူးက စိုက်ပျိုးရေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သိရှိလိုက်နာရမည့် ကိစ္စ ရပ်များကို ရှင်းလင်းဆွေးနွေးကြပါသည်။
ဆက်လက်၍ တက်ရောက်လာသော ကိုယ်စားလှယ်အားလုံးမှ စိုက်ပျိုးရေးကဏ္ဍ နှင့် ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများ၊ အကြံပြုလိုသည်များကိုဝိုင်းဝန်း ဆွေးနွေး ခဲ့ကြ ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ စိုက်ပျိုးရေးဆိုင်ရာ အစုအဖွဲ့များ၊ စိုက်ပျိုးရေးတောင်သူများ စုစုပေါင်း (၆၆) ဦး ခန့် တက်ရောက်ခဲ့ပါသည်။
