
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့နှင့် ကမ္ဘာ့ဘဏ်အုပ်စု (World Bank Group) တို့ ကြီးမှူး၍ Australian Aid၊ UK Aid နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတို့ ပူးပေါင်းမှုဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများအတွက် အများပြည်သူနှင့် ဆွေးနွေးညှိနှိုင်းမှုအစည်းအဝေး (Public Consultation Meeting) ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့၊ နေ့လည် ၂း၀၀ နာရီတွင် ရန်ကုန်မြို့ရှိ UMFCCI ၏ မင်္ဂလာခန်းမတွင် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ UMFCCI ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကမ္ဘာ့ဘဏ်အုပ်စုမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး နှင့် ကမ္ဘာ့ဘဏ်အုပ်စုမှ Mr. Charles Patrick Schneider တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားကြပြီး ကမ္ဘာဘဏ်အုပ်စုမှ Legal Consultants ဖြစ်သူ Mr. Sufian Jusoh နှင့် Mr. Chris Hughes က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၏ နည်းဥပဒေအကောင်အထည်ဖော်မှုအပိုင်း အား ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများနှင့် အပြန်အလှန် ရှင်းလင်းဆွေးနွေး ခဲ့ကြပါသည်။


