MIC ခွင့်ပြုမိန့်ရရှိခဲ့ပြီးနောက်ဆောင်ရွက်ရန်ကိစ္စများ

အောက်တွင်ဖော်ပြထားသည့် ဆောင်ရွက်ရန်ကိစ္စများသည် MIC ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် ရရှိထားသည့် လုပ်ငန်း/ ကုမ္ပဏီများနှင့်သာ သက်ဆိုင်ပါသည်။ ခွင့်ပြုမိန့်ရရှိပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် အသေးစိတ်အချက်အလက်များကို ခေါင်းစဉ်ငယ်များအလိုက် အောက်တွင် ဖော်ပြထားပါသည်။

ရင်းနှီးမြှုပ်နှံမှု/မတည်ရင်းနှီးငွေ

ရင်းနှီးမြှုပ်နှံမှုပမာဏ ပြောင်းလဲခွင့်တင်ပြခြင်း ဥပဒေပုဒ်မ ၇၇ (ဃ ၊ ဥပဒေပုဒ်မ ၁၃၆ (က)

ရင်းနှီးမြှုပ်နှံသူသည် ၄င်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ပြင်ဆင်(တိုးမြှင့်/လျှော့ချ)လိုလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌထံလိပ်မူပြီး အောက်ပါစာရွက်စာတမ်းအထောက်အထားများနှင့်အတူ လျှောက်ထားရပါမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) လျှောက်ထားသည့်စာ (ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရခြင်းအကြောင်း၊ မူလရင်းနှီးမြှုပ်နှံမှု ပမာဏ၊ တိုးမြှင့်လိုသည့်ပမာဏနှင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ)

(၂) ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)

(၃) ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရာတွင် စက်ပစ္စည်းကိရိယာများ တင်သွင်းလိုပါက တင်သွင်း မည့် စက်ပစ္စည်းကိရိယာစာရင်းကို ပူးတွဲတင်ပြရမည်။ (ရင်းနှီးမြှုပ်နှံမှု လျော့ချရန် တင်ပြလိုပါက မူလနှင့် တင်သွင်းပြီး၊ ကျန်ရှိသည့်စက်ပစ္စည်းစာရင်းကို တင်ပြရန်)

(၄) ရင်းနှီးမြှုပ်နှံမှုပုံစံ (ပြင်ဆင်ချက်)

(၅) ထည့်ဝင်ပြီးရင်းနှီးမြှုပ်နှံမှုပုံစံ (ဇယားဖြင့်)

(၆) ချေးငွေသဘောတူညီချက်စာချုပ်မူကြမ်း(ရင်းနှီးမြှုပ်နှံမှုကိုချေးငွေနှင့်တိုးမြှင့်လိုလျှင်)

(၇) ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)

(၈) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ-ပုံစံ(၁၀) (တင်ပြရခြင်း မရှိသေး ပါက)

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) ပူးတွဲ တင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း

(၂) မတည်ငွေရင်းတိုးမြှင့်၍ ပြည်ပမှ စက်ပစ္စည်းများတင်သွင်းလိုပါက အဆိုပါစက်ပစ္စည်း များသည် လုပ်ငန်းသဘာဝနှင့်ဆီလျော်မှု ရှိ မရှိ စက်မှုဝန်ကြီးဌာနသို့လည်းကောင်း၊ ဆောက်လုပ်ရေးပစ္စည်းများတင်သွင်းခွင့်အပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လည်း ကောင်း၊ လျှပ်စစ်ပစ္စည်းများတင်သွင်းခွင့်အပေါ် လျှပ်စစ်ဝန်ကြီးဌာနသို့ လည်းကောင်း၊ လုပ်ငန်းလိုအပ်ချက်အရ အခြားသက်ဆိုင်ရာဌာနအလိုက် သဘောထားမှတ်ချက်များ တောင်းခံခြင်း၊

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၃) အစိုးရဝန်ကြီးဌာနများနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ထောက်ခံတင်ပြချက် သို့မဟုတ် သဘောထားမှတ်ချက် တောင်းခံခြင်း၊

(၄) သက်ဆိုင်ရာဌာနများမှသဘောထားမှတ်ချက်များစုံလင်ပါက အနီးစပ်ဆုံးကော်မရှင် အစည်းအဝေးသို့ တင်ပြဆောင်ရွက်ခြင်း၊

(၅) အစည်းအဝေးမှ ခွင့်ပြုချက်ရရှိပါက ကုမ္ပဏီသို့ မတည်ငွေရင်းတိုးမြှင့်ခွင့် သို့မဟုတ် လျှော့ချခွင့်ပြုကြောင်း အကြောင်းကြားစာထုတ်ပေးခြင်း။

ချေးငွေခွင့်ပြုချက် (ဥပဒေပုဒ်မ-၅၇)

ရင်းနှီးမြှုပ်နှံသူက ချေးငွေရယူလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) လျှောက်ထားသည့်စာ(အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)

(၂) ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)

(၃) ချေးငွေသဘောတူညီချက်စာချုပ်မူကြမ်း (ပြန်လည်ပေးဆပ်ရမည့် အစီအစဉ် နှင့် ငွေပမာဏကို ပူးတွဲတင်ပြရန်)

(၄) ရင်းနှီးမြှုပ်နှံမှုပုံစံ (ပြင်ဆင်ချက်)

(၅) ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)

(၆) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ – ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) ပူးတွဲ တင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း၊

(၂) ပြည်ပချေးငွေရယူခွင့်အပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ သဘောထားမှတ်ချက် တောင်းခံခြင်း၊

(၃) အနီးစပ်ဆုံးကော်မရှင်အစည်းအဝေးသို့ တင်ပြဆောင်ရွက်ခြင်း၊

(၄) အစည်းအဝေးမှ ခွင့်ပြုချက်ရရှိပါက ကုမ္ပဏီသို့ ခွင့်ပြုကြောင်းအကြောင်းကြားစာ ထုတ်ပေးခြင်း။

ချေးငွေပြင်ဆင်ချက် {( ဥပဒေပုဒ်မ-၅၇)၊ နည်းဥပဒေ ၁၃၆(က))

ရင်းနှီးမြှုပ်နှံသူက ချေးငွေပြင်ဆင်လိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) လျှောက်ထားသည့်စာ(အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)

(၂) ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)

(၃) ချေးငွေပြင်ဆင်ချက် (ပမာဏ၊ ချေးငှားသူ၊ ပြန်လည်ပေးဆပ်ရမည့် အစီအစဉ်)

(၄) ချေးငွေသဘောတူညီချက်ပြင်ဆင်စာချုပ်မူကြမ်း (ပြန်လည်ပေးဆပ်ရမည့် အစီအစဉ် ပါဝင်သည့်)

(၅) ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)

(၆) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ – ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) ပူးတွဲ တင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း၊

(၂) ချေးငွေပြန်လည်ပေးဆပ်ရမည့်အစီအစဉ် ပြင်ဆင်ခွင့်အပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ သဘောထားမှတ်ချက် တောင်းခံခြင်း၊

(၃) အနီးစပ်ဆုံးကော်မရှင်အစည်းအဝေးသို့ တင်ပြဆောင်ရွက်ခြင်း၊

(၄) အစည်းအဝေးမှ ခွင့်ပြုချက်ရရှိပါက ကုမ္ပဏီသို့ ခွင့်ပြုကြောင်းအကြောင်းကြားစာ ထုတ်ပေးခြင်း။

အစုရှယ်ယာလွှဲပြောင်းခြင်း(ရာခိုင်နှုန်းပြည့် သို့မဟုတ် တစ်စိတ် တစ်ပိုင်း) (နည်းဥပဒေ- ၁၉၁)

ရင်းနှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၉၁ အရ အစုရှယ်ယာ သို့မဟုတ် ပိုင်ဆိုင် သောပစ္စည်းများ၏ ၅၀ ရာခိုင်နှုန်းအထက်အား ရယူလွှဲပြောင်းခြင်း၊ ရင်းနှီးမြှုပ်နှံသူ၏ အများစု ပိုင်ဆိုင်မှု သို့မဟုတ် ထိန်းချုပ်မှုကို ရယူလွှဲပြောင်းလိုလျှင် ကြိုတင်ခွင့်ပြုချက်ရယူရန်အတွက် အောက်ပါတို့ကို ပူးတွဲ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌထံ လိပ်မူလျှောက်ထားရမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)

(၂) ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)

(၃) ကုမ္ပဏီအချက်အလက်အကျဉ်းချုပ်

(၄) ပုံစံ (၈) (လိုအပ်သည့်အထောက်အထားများပူးတွဲရန်)

(၅) အစုရှယ်ယာလွှဲပြောင်းစာချုပ် (မူကြမ်း)

(၆) အခွန်ကင်းရှင်းကြောင်းထောက်ခံချက် (လိုအပ်ပါကအခြေပစ္စည်းလွှဲပြောင်း ရောင်းချ ခြင်း၊ လဲလှယ်ခြင်းမှရရှိသည့်မြတ်စွန်းငွေအပေါ် ပေးဆောင်ရသည့်အခွန်ကို ပေးဆောင်မည် ဖြစ် ကြောင်း ကတိခံဝန်ချက်)

(၇) ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)

(၈) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ-ပုံစံ(၁၀)(တင်ပြရခြင်း မရှိသေးပါက)

(၉) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၉၁၊ ၁၉၂နှင့်၁၉၃ တို့အရ ကတိကဝတ်ပြုချက်

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း

(၂) ကုမ္ပဏီများ၏ အစုရှယ်ယာလွှဲပြောင်းသူများသည် ပြစ်မှုကင်းရှင်းကြောင်းရှိ မရှိ၊ အမည်မည်းစာရင်းတွင် ပါဝင်ခြင်းရှိ မရှိ နှင့် Source of Fund မှန်ကန်မှု ရှိ မရှိ တို့အပေါ် ပြည်ထဲရေးဝန်ကြီးဌာနသို့လည်းကောင်း၊ အခွန်ထမ်းဆောင်ထားရှိမှုအခြေအနေအပေါ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသို့လည်းကောင်း၊ မတည်ငွေရင်းထည့်ဝင်ပြီးစီးမှုအခြေ အနေအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့လည်းကောင်း၊ In Kind ထည့်ဝင်ထားမှု အခြေအနေအပေါ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့လည်းကောင်း (လိုအပ်ပါက)၊ သဘောထားမှတ်ချက်တောင်းခံခြင်း၊ အစိုးရဝန်ကြီးဌာနများနှင့်ဆက်စပ် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ထောက်ခံတင်ပြ ချက်၊

(၃) သက်ဆိုင်ရာဌာနများမှသဘောထားမှတ်ချက်များစုံလင်ပါက အနီးစပ်ဆုံးကော်မရှင် အစည်း အဝေးသို့ တင်ပြဆောင်ရွက်ခြင်း၊

(၄) အစည်းအဝေးမှ ခွင့်ပြုချက်ရရှိပါက ကုမ္ပဏီသို့ အစုရှယ်ယာ သို့မဟုတ် လုပ်ငန်း လွှဲပြောင်းခွင့်ပြုကြောင်း အကြောင်းကြားစာ ထုတ်ပေးခြင်း။

အမြတ်ငွေပြန်လည် ရင်းနှီးမြှုပ်နှံခွင့် တင်ပြခြင်း ၇၈ (က)

ရင်းနှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၇၈၊ ပုဒ်မခွဲ(က)အရ အမြတ်ငွေကို ပြန်လည်ရင်းနှီးမြှုပ်နှံလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌထံလိပ်မူပြီး အောက်ပါ စာရွက်စာတမ်းအထောက်အထားများနှင့်အတူ လျှောက်ထားရပါမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) လျှောက်ထားသည့်စာ (အမြတ်ငွေရရှိသည့်ဘဏ္ဍာနှစ်နှင့် ပြန်လည်ရင်းနှီးမြှုပ်နှံမည့် ဘဏ္ဍာနှစ်ဖော်ပြရန်)

(၂) ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)

(၃) ပုံစံ (၆) (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၇၈ အရ ဝင်ငွေခွန်ကင်းလွတ်ခွင့် လျှောက်ထားလိုပါက)

(၄) စာရင်းစစ်အစီရင်ခံစာ (ပြန်လည်ရင်းနှီးမြှုပ်နှံမည့် အမြတ်ငွေသည် ဝင်ငွေခွန် ကင်းလွတ်ခွင့်လျှောက်ထားတောင်းခံခဲ့သည့် စည်းကြပ်နှစ်တွင် ရရှိသည့် အမြတ်ငွေ ဖြစ်ရမည်။)

(၅) အခွန်ကင်းရှင်းကြောင်းထောက်ခံချက် (ဝင်ငွေခွန်ကင်းလွတ်ခွင့် လျှောက်ထား တောင်းခံခဲ့သည့် စည်းကြပ်နှစ်အတွင်းပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် အခြားအခွန် အခ များအား နည်းလမ်းတကျ ပေးဆောင်ခြင်း)

(၆) ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)

(၇) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ – ပုံစံ (၁၀) (တင်ပြရခြင်း မရှိ သေးပါက)

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) ပူးတွဲ တင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း

(၂) အခွန်ထမ်းဆောင်ထားရှိမှုအခြေအနေအပေါ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသို့ သဘောထားမှတ်ချက်တောင်းခံခြင်း၊

(၃) အစိုးရဝန်ကြီးဌာနများနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနများသို့ သဘောထားမှတ်ချက်တောင်းခံခြင်း၊

(၄) သဘောထားမှတ်ချက်များ ရရှိပါက အနီးစပ်ဆုံးကော်မရှင်အစည်းအဝေးသို့ တင်ပြ ဆောင်ရွက်ခြင်း၊

(၅) အစည်းအဝေးမှ ခွင့်ပြုချက်ရရှိပါက ကုမ္ပဏီသို့ ပြန်လည်ရင်းနှီးမြှုပ်နှံ ခွင့်ပြုကြောင်း အကြောင်းကြားစာထုတ်ပေးခြင်း။

နိုင်ငံခြားငွေလွှဲပြောင်းခွင့် (အစုရှယ်ယာ၊ အစုပေါ် အမြတ်၊ အမြတ်တို့ကို လွှဲပြောင်းခွင့်) တင်ပြခြင်း { ဥပဒေပုဒ်မ- ၅၆(ခ)}

ရင်းနှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၅၆ အရ နိုင်ငံခြားငွေ လွှဲပြောင်းလို လျှင် အောက်ပါစာရွက်စာတမ်းများကိုပူးတွဲ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူ၍ လျှောက်ထားရမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)

(၂) ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)

(၃) စာရင်းစစ်အစီရင်ခံစာ

(၄) ဘဏ်လက်ကျန်စာရင်း

(၅) ပုံစံ (၁၃) (ဘဏ္ဍာငွေလွှဲပြောင်းခွင့်ပြုပါရန် လျှောက်ထားလွှာ)

(၆) အခွန်ကင်းရှင်းကြောင်းထောက်ခံချက်

(၇) ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)

(၈) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ – ပုံစံ (၁၀) (တင်ပြရခြင်း မရှိ သေးပါက)

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) ပူးတွဲ တင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း

(၂) အမြတ်ငွေခွဲဝေခြင်းအတွက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသို့လည်းကောင်း၊ ပြည်ပ သို့အမြတ်ငွေခွဲဝေလွှဲပြောင်းခြင်းအတွက်မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့လည်းကောင်း သဘောထားမှတ်ချက်တောင်းခံ၍ ကော်မရှင်အစည်းအဝေးသို့ တင်ပြခြင်း၊

(၃) နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ ကော်မရှင်ခွင့်ပြုပြီး နိုင်ငံခြားငွေလွှဲပြောင်းခြင်းကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသို့ တင်ပြ ဆောင်ရွက်ခြင်း။

ရင်းနှီးမြှုပ်နှံမှုအတွက် ခွင့်ပြုထားသည့် မြေနှင့် အဆောက်အအုံ အပေါင်ထားခြင်း (ဥပဒေပုဒ်မ-၇၂၊ နည်းဥပဒေ-၁၉၈)

ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားသည့် မြေနှင့်အဆောက်အဦကို ရင်းနှီးမြှုပ်နှံသူများက အပေါင်ထား လိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူလျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

  •  လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
  •  ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
  •  အပေါင်သဘောတူစာချုပ် (မူကြမ်း) (အစိုးရဌာနများအတွက် ဉပဒေရေးရာဝန်ကြီး ဌာန၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်ထားရန်)
  • သက်ဆိုင်ရာဝန်ကြီးဌာန၏ ထောက်ခံချက် (မြေပိုင်ရှင်က အစိုးရဌာနဖြစ်လျှင်)
  • ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
  • နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ – ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)

စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

 ရင်းနှီးမြှုပ်နှံသူက စက်ပစ္စည်းကိရိယာများ၊ အစိတ်အပိုင်းများ အပိုပစ္စည်းများနှင့် အခြား၊ ပစ္စည်းများကို လုပ်ငန်းတွင်အသုံးပြုရန် တင်သွင်းလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

  •       လျှောက်ထားသည့်စာ
  •       Proforma  invoic 
  •       အရောင်းစာချုပ်
  •       သက်ဆိုင်ရာ၀န်ကြီးဌာနထောက်ခံချက် (လိုအပ်လျှင်)(င)  စက်ပစ္စည်းလက်ကျန်စာရင်း
  •      မူရင်းအဆိုပြုချက် မိတ္တူ (စက်ပစ္စည်းကိရိယာများ၊ အစိတ်အပိုင်းများ အပိုပစ္စည်းများနှင့်အခြား၊ ပစ္စည်းများတင်သွင်းရန်      လျှောက်ထားမှုနှင့် သက်ဆိုင်သည့် စာရင်းစာမျက်နှာကို ပူးတွဲတင်ပြရမည်။)
  •      ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
  •      နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့ တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)

စက်ပစ္စည်း/စက်ကိရိယာအစိတ်အပိုင်းများ/လုပ်ငန်းသုံးပစ္စည်းများအား တင်သွင်းလို ပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌထံ လိပ်မှု၍ အောက်ပါအချက် အလက်များဖြင့် တင်ပြ လျှောက်ထားရမည်ဖြစ်ပါသည်–

  •  တင်ပြစာ
  • Proforma Invoice
  • ကော်မရှင်ခွင့်ပြုစာ
  • သက်ဆိုင်ရာဝန်ကြီးဌာန ထောက်ခံချက် (လိုအပ်ပါက)
  • တင်သွင်း/လက်ကျန်စာရင်း
  • ကိုယ်စားလှယ်လွဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် မလာရောက်နိုင်ပါက)
  • နောက်ဆုံး ၃ လပတ်အစီရင်ခံစာ(မတင်ပြရသေးပါက)

စီးပွားဖြစ် စတင်ခွင့်ပြုပါရန် တင်ပြခြင်း (နည်းဥပဒေ-၁၄၆)

ရင်းနှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၄၆ အရ စီးပွားဖြစ်စတင်ခြင်း လျှောက်ထားမည်ဆိုပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ထံလိပ်မူပြီး အောက်ပါ စာရွက် စာတမ်းအထောက်အထားများနှင့်အတူ လျှောက်ထားရပါမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) ကုမ္ပဏီ၏တင်ပြစာ (စီးပွားဖြစ်စတင်မည့်နေ့အားဖော်ပြ၍ ပြည့်စုံစွာရေးသား ဖော်ပြထားသောလျှောက်လွှာ)

(၂) ဒါရိုက်တာအစည်းအဝေးဆုံးဖြတ်ချက်(မူရင်း)

(၃) လျှောက်ထားလွှာပုံစံ-၁၄ (စီးပွားဖြစ်စတင်ဆောင်ရွက်သည့်နေ့ရက် တင်ပြခြင်း)

(၄) ပုံစံ-၆ (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ၇၅၊ ပုဒ်မခွဲ(က)အရ ဝင်ငွေခွန်ကင်းလွတ် ခွင့်လျှောက်ထားခြင်း)

(၅) ငွေသွင်းချလံ (ဦးစီးဌာနသို့ငွေသွင်းထားသည့်အထောက်အထား)

(၆) ED အောက်အထား၊ ပြည်တွင်းရောင်းပြေစာ၊ ဝင်ငွေအထောက်အထား

(၇) သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လိုင်စင်/ပါမစ်ကဲ့သို့သောလုပ်ငန်းခွင့်ပြုချက် (သစ် လုပ်ငန်း – သစ်ထုတ်လုပ်မှု လိုင်စင် ၊ ပုဂ္ဂလိက စက်မှု လိုင်စင်၊ ဟိုတယ်လုပ်ငန်း လိုင်စင်)

(၈) မူလအဆိုပြုချက်ပါတင်သွင်းခွင့်ပြုစာရင်း၊ တင်သွင်းပြီးစာရင်းနှင့်တင်သွင်းရန်ကျန် စာရင်းများ နှိုင်းယှဉ်မှုဇယား (Machinery/Equipment/Construction Material Balance Sheet)

(၉) ရင်းနှီးမြှုပ်နှံသူ၏ ကိုယ်စားတင်ပြခြင်းဖြစ်ပါက (လက်မှတ်မူရင်းဖြင့်) ကိုယ်စား လှယ်လွှဲစာ (အမည် ၊ မှတ်ပုံတင်နံပါတ် ၊ လက်မှတ် ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်)

(၁၀) ထည့်ဝင်ပြီးအခြေအနေ(အဆိုပြုချက်ပါ/ ပြင်ဆင်ချက်အရ)

(၁၁) မြေငှားစာချုပ် (အစိုးရဌာနများနှင့် ချုပ်ဆိုထားသည့် BOT စာချုပ်, PSC စာချုပ်၊ မြေငှာစာချုပ်များနှင့် ပုဂ္ဂလိကအချင်းချင်းငှားရမ်းထားသည့်မြေငှားစာချုပ် )

(၁၂) MyCo Extract Update

(၁၃) ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် ခွင့်ပြုမိန့်/အတည်ပြုမိန့်ပါ အချက်အလက်များ ပြောင်းလဲခြင်းရှိပါက တွဲတင်ပြပေးရန်

(၁၄) နောက်ဆုံးတင်ပြခဲ့သည့် ၃လပတ်အစီရင်ခံစာ

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) ပူးတွဲ တင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း

(၂) ဝန်ကြီးဌာန (သို့မဟုတ်) ဦးစီးဌာနများဖြင့် မြေငှားရမ်းခြင်း၊ စာချုပ်ချုပ်ဆို ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာဌာနများသို့သက်ဆိုင်ရာသဘောထား မှတ်ချက်များ တောင်းခံခြင်း (မြေပိုင်ရှင်ဝန်ကြီးဌာနများသို့ ဥပမာ။ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စက်မှု၊ စိုက်/မွေး/ဆည်၊ စီး/ကူး၊ ဆောက်လုပ်ရေး၊ ပို့/ဆက်၊ စီမံ/ဘဏ္ဍာ၊ သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး၊ ကာကွယ်ရေးဝန်ကြီး ဌာနများသို့သဘောထားတောင်းခံခြင်း)နှင့် ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေးအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း။

(၃) အနီးစပ်ဆုံးကော်မရှင် အစည်းအဝေးသို့ တင်ပြဆောင်ရွက်ခြင်း၊

(၄) ထို့နောက် အစည်းအဝေးမှ ခွင့်ပြုချက်ရရှိပါက ကုမ္ပဏီသို့ စီးပွားဖြစ်စတင်ကြောင်း ခွင့်ပြုသည့်အကြောင်းကြားစာထုတ်ပေးခြင်း။

တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်း(နည်းဥပဒေ ၁၄၁၊ ၁၄၂)

ရင်းနှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၄၁ နှင့် ၁၄၂ တို့နှင့် အညီ တည်ဆောက်ရေးကာလသက်တမ်းတိုးလျှောက်ထားမည်ဆိုပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူပြီး အောက်ပါစာရွက်စာတမ်း အထောက်အထားများနှင့် အတူ လျှောက်ထားရပါမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) ကုမ္ပဏီ၏ တင်ပြစာ ( တိုးမြှင့်လိုသည့်ကာလကို ဖော်ပြ၍ ခိုင်လုံသည့် အကြောင်း အရင်းဖော်ပြချက်)

(၂) ဒါရိုက်တာအစည်းအဝေးဆုံးဖြတ်ချက် (မူရင်း)

(၃) စက်ရုံတည်ဆောက်ဆဲ ဓါတ်ပုံအထောက်အထားများနှင့် တည်ဆောက်ပြီစီးမှု ရာခိုင်နှုန်း ဖော်ပြချက်)

(၄) မူလအဆိုပြုချက်ပါ တင်သွင်းခွင့်ပြုစာရင်း၊ တင်သွင်းပြီးစာရင်းနှင့် တင်သွင်းရန် ကျန်စာရင်းများ နှိုင်းယှဉ်မှုဇယား (Machinery/Equipment/Construction Material Balance Sheet)

(၅) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ၁၃၉ အ၇ ပြင်ဆင်လိုပါက သက်ဆိုင်ရာ ဌာန၏ ခွင့်ပြုမိန့်ကို ၁၀ ရက်အတွင်း ကော်မရှင်သို့ တင်ပြရန်။

(၆) မြေငှားစာချုပ် (အစိုးရဌာနများနှင့် ချုပ်ဆိုထားသည့် BOT စာချုပ်, PSC စာချုပ်၊ မြေငှားစာချုပ်များနှင့် ပုဂ္ဂလိက အချင်းချင်း ငှားရမ်းထားသည့်မြေငှားစာချုပ် )

(၇) ရင်းနှီးမြှုပ်နှံသူ၏ ကိုယ်စားတင်ပြခြင်းဖြစ်ပါက(လက်မှတ်မူရင်းဖြင့်) ကိုယ်စား လှယ်လွှဲစာ (အမည် ၊ မှတ်ပုံတင်နံပါတ် ၊ လက်မှတ် ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်

(၈) ထည့်ဝင်ပြီးအခြေအနေ(အဆိုပြုချက်ပါ/ ပြင်ဆင်ချက်အရ)

(၉) MyCo Extract Update

(၁၀) ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် ခွင့်ပြုမိန့်/အတည်ပြုမိန့်ပါ အချက်အလက်များ ပြောင်းလဲခြင်းရှိပါက ပူးတွဲတင်ပြပေးရန်

(၁၁) နောက်ဆုံးတင်ပြခဲ့သည့် ၃လပတ်အစီရင်ခံစာ

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း

(၂) ဝန်ကြီးဌာန (သို့မဟုတ်) ဦးစီးဌာနများဖြင့် မြေငှားရမ်းခြင်း၊ စာချုပ်ချုပ်ဆို ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာဌာနများသို့သက်ဆိုင်ရာသဘောထား မှတ်ချက်များ တောင်းခံခြင်း (မြေပိုင်ရှင်ဝန်ကြီးဌာနများသို့ ဥပမာ။ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စက်မှု၊ စိုက်/မွေး/ဆည်၊ စီး/ကူး၊ ဆောက်လုပ်ရေး၊ ပို့/ဆက်၊ စီမံ/ဘဏ္ဍာ၊ သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး၊ ကာကွယ်ရေးဝန်ကြီး ဌာနများသို့သဘောထားတောင်းခံခြင်း)နှင့် လိုအပ်ပါက ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေးအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း။

(၃) ထို့နောက် ကုမ္ပဏီသို့ တည်ဆောက်ရေးတိုးမြှင့်ခွင့်ပြုသည့် အကြောင်းကြားစာ ထုတ်ပေးခြင်း။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် အလုပ်လုပ်ကိုင်မည့် နိုင်ငံခြားသား ကျွမ်းကျင်သူများအတွက် အလုပ်လုပ်ခွင့်လျှောက်ထားခြင်း (ဥပဒေပုဒ်မ ၅၁(က) နှင့် နည်းဥပဒေ ၂၀၆)

ရင်းနှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၅၁၊ ပုဒ်မခွဲ(က)နှင့် နည်းဥပဒေ ၂၀၆ တို့အရ နိုင်ငံခြားသားဝန်ထမ်းများ ခန့်ထားခွင့်လျှောက်ထားရာတွင် Investment Monitoring System (IMS)တွင် Online စနစ်ဖြင့် ims.dica.gov.mm မှတစ်ဆင့် ကော်မရှင်သို့ အောက်ပါ စာရွက်စာတမ်း အထောက်အထားများနှင့်အတူ လျှောက်ထားရပါမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) နိုင်ငံခြားကျွမ်းကျင်သူအလုပ်ခန့်ထားခွင့်တင်ပြလွှာ(Online Form)

(၂) နိုင်ငံခြားသားကျွမ်းကျင်သူများအတွက်အလုပ်လုပ်ခွင့်လျှောက်လွှာပုံစံ(၁၂-က)

(၃) နိုင်ငံခြားသားတစ်ဦးလျှင်ဝန်ဆောင်ခကျပ် ၅၀၀၀/-(ငါးထောင်ကျပ်) ပေးသွင်း ထားသည့်ငွေသွင်းအကြောင်းကြားလွှာ၊

(၄) နိုင်ငံကူးလက်မှတ်မိတ္တူ၊ ခန့်ထားခွင့်တင်ပြသည့် နိုင်ငံခြားသားဝန်ထမ်း၏ ကျွမ်းကျင်မှု အထောက်အထား (သို့မဟုတ်)ဘွဲ့လက်မှတ်၊ ကိုယ်ရေးအကျဉ်း(CV)

(၅) အဆိုပြုချက်ပါ ပြည်တွင်း/ ပြည်ပ ဝန်ထမ်းအင်အားစာရင်းမိတ္တူ

(၆) လက်ရှိခန့်ထားပြီး ပြည်တွင်း/ပြည်ပဝန်ထမ်း အင်အားစာရင်း

(၇) အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်(EC)

(၈) ကုမ္ပဏီ၏အနီးစပ်ဆုံးဘဏ္ဍာနှစ်အတွက် အခွန်ကင်းရှင်းကြောင်း အထောက် အထား၊ စာရင်းစစ်အစီရင်ခံစာ၊ ကြိုတင်ဝင်ငွေခွန် ထမ်းဆောင် ထားသည့် အထောက်အထား

(၉) လျှောက်ထားသူ နိုင်ငံခြားသားအနေဖြင့် အမည်မည်းကင်းရှင်းကြောင်း၊ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်မှုမရှိကြောင်း၊ ပြစ်မှုကင်းရှင်းပြီး မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာမည်ဖြစ်ကြောင်း စသည့် အချက် များ ပါဝင် သည့်ကုမ္ပဏီဒါရိုက်တာ၏ ကတိဝန်ခံချက်

(၁၀) ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်ရုံးသို့မလာရောက်နိုင်လျှင်) (အမည်၊ မှတ်ပုံတင်နံပါတ် ၊ လက်မှတ် ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ် ဖော်ပြရန်)

(၁၁) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ-ပုံစံ(၁၀) (ကော်မရှင်သို့ တင်ပြပြီးဖြစ်ပါက ထပ်မံတင်ပြရန်မလိုပါ)

(၁၂) ခန့်ထားခွင့်တင်ပြရာတွင် မြန်မာနိုင်ငံသို့ရောက်ရှိပြီး ၃၀ ရက်အတွင်း Investment Monitoring System (IMS) တွင် Online စနစ်ဖြင့် ims.dica.gov.mm မှတစ်ဆင့် ကော်မရှင်သို့ တင်ပြရမည်ဖြစ်ပါသည်။

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို IMS ဖြင့် စိစစ်ခြင်း

(၂) ခန့်ထားခွင့်တင်ပြလာသောနိုင်ငံခြားသားများသည် ပြစ်မှုမှတ်တမ်းနှင့် အမည်မည်း စာရင်းတွင် ပါဝင်ခြင်း ရှိ မရှိ ပြည်ထဲရေးဝန်ကြီးဌာနသို့ သဘောထားမှတ်ချက် တောင်းခံခြင်း

(၃) ပြည်ထဲရေးဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာန(ပညာရေးလုပ်ငန်းဖြစ်ပါက) သို့ သဘောထားမှတ်ချက်တောင်းခံခြင်း

(၄) ပြည်ထောင်စုဝန်ကြီးရုံးသို့တင်ပြ၍ ခွင့်ပြုချက်ရရှိပါက ကုမ္ပဏီသို့ ခန့်ထားခွင့်ပြု ကြောင်း အကြောင်းကြားစာထုတ်ပေးခြင်း

ရင်းနှီးမြှုပ်နှံမှုဌာနခွဲများ

ရင်းနှီးမြှုပ်နှံသူများက စီးပွားရေးလုပ်ငန်း ဖျက်သိမ်းလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

  •  လျှောက်ထားသည့်စာ (ဖျက်သိမ်းရသည့် အကြောင်းအရင်း)
  •  ဒါရိုက်တာ ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်
  •  ထည့်ဝင်ပြီးမတည်ငွေရင်း
  •  အခွန်ကင်းရှင်းကြောင်းထောက်ခံချက်
  •  ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
  •   နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ(ကော်မရှင်သို့  တင်ပြပြီ:ဖြစ်ပါက ထပ်မံတင်ပြရန် မလိုအပ်ပါ။)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုစာများအား မိတ္တူမှန် လျှောက်ထားခြင်း

ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုစာများအား မိတ္တူမှန် လျှောက်ထားလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌထံလိပ်မူလျှောက်ထားပြီး အောက်ပါ တို့ကို ပူးတွဲ တင်ပြရမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) ကုမ္ပဏီတင်ပြစာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)

(၂) ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် (မူရင်း)

(၃) ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်လာရောက်ခြင်းမဟုတ်ပါက)

(၄) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ-ပုံစံ(၁၀)(တင်ပြရခြင်းမရှိသေးပါက)

စိစစ်ဆောင်ရွက်မှု လုပ်ငန်းစဉ်

(၁) ပူးတွဲ တင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း

(၂) ကုမ္ပဏီသို့အကြောင်းကြားစာပေးပို့ခြင်း

ခွင့်ပြုလျှင် ပေးသွင်းရမည့်ဝန်ဆောင်ခပမာဏ။ စာမျက်နှာ တစ်မျက်နှာလျှင် မြန်မာကျပ်ငွေ ၂၅,၀၀၀

စက်ပစ္စည်း၊စက်ကိရိယာနှင့်လုပ်ငန်းသုံးပစ္စည်းများအား အခွန်အကောက် ကင်းလွတ်ခွင့် လျှောက်ထားခြင်း (ပုံစံ ၆) (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၇၇(က))

ရင်းနှီးမြှုပ်နှံသူသည် စက်ပစ္စည်း၊ စက်ကိရိယာနှင့် လုပ်ငန်းသုံးပစ္စည်းနှင့် ကုန်ကြမ်းပစ္စည်းများအား အခွန်အကောက် ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်လျှောက်ထားရာတွင် အောက်ပါတို့ကို ပူးတွဲ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားရပါမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) ကုမ္ပဏီတင်ပြစာ

(၂) အခွန်အကောက်ကင်းလွတ်ခွင့်အတွက် ကော်မရှင်ခွင့်ပြုစာ

(၃) Proforma Invoice and Sale Contract

(၄) တင်သွင်းပြီးစီးမှုလက်ကျန်ဇယား

(၅) ခွင့်ပြုမိန့်နှင့် ဆုံးဖြတ်ချက်မိတ္တူ

(၆) ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်ရုံးသို့မလာရောက်နိုင်လျှင်) (အမည် ၊ မှတ်ပုံတင်နံပါတ် ၊ လက်မှတ် ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ် ဖော်ပြရန်)

(၇) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ-ပုံစံ(၁၀)

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) တင်ပြလာသည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိမရှိစိစစ်ခြင်း

(၂) တင်သွင်းခွင့်အတွက် ကော်မရှင်ခွင့်ပြုစာထုတ်ပေးခြင်း

CMP လုပ်ငန်းများမှ ကနဦးကုန်ကြမ်း တင်သွင်းခွင့် လျှောက်ထားခြင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၇၇(ခ)

CMP လုပ်ငန်းများမှ စီးပွားဖြစ်စတင်ရန်အတွက် ကနဦးကုန်ကြမ်း တင်သွင်းခွင့် လျှောက်ထားရာတွင် အောက်ပါတို့ကို ပူးတွဲ၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားရပါမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) ကုမ္ပဏီတင်ပြစာ

(၂) Proforma Invoice and Sale Contract

(၃) ပုံစံ(၆) (မတည်ငွေရင်းအလိုက် ဝန်ဆောင်ခပေးသွင်းရန်)

(၄) အဆိုပြုချက်ပါကုန်ကြမ်းစာရင်း

(၅) အဆိုပြုချက်ပါကုန်ကြမ်းပမာဏနှင့် ကနဦးကုန်ကြမ်းပမာဏ နှိုင်းယှဉ်ဇယား

(၆) မတည်ငွေရင်းထည့်ဝင်ပြီးစီးမှုပမာဏ၊ စက်ရုံတည်ဆောက်ပြီးစီးမှုဓါတ်ပုံ

(၇) သက်ဆိုင်ရာလုပ်ငန်းလိုင်စင်များ

(၈) ခွင့်ပြုမိန့်နှင့် ဆုံးဖြတ်ချက်မိတ္တူ

(၉) ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်ရုံးသို့မလာရောက်နိုင်လျှင်) (အမည် ၊ မှတ်ပုံတင်နံပါတ် ၊ လက်မှတ် ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ် ဖော်ပြရန်)

(၁၀) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ-ပုံစံ(၁၀)

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) တင်ပြလာသည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိမရှိစိစစ်ခြင်း (လိုအပ်ပါက ကွင်းဆင်းစစ်ဆေးခြင်း)

(၂) တင်သွင်းခွင့်အတွက် ကော်မရှင်ခွင့်ပြုစာထုတ်ပေးခြင်း

စက်ပစ္စည်း၊ စက်ကိရိယာနှင့် လုပ်ငန်းသုံး ပစ္စည်းနှင့် ကုန်ကြမ်းပစ္စည်း များအား အခွန် အကောက်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်လျှောက်ထား ခြင်း (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၇၇(က) (ခ) နှင့် (ဃ))

ရင်းနှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၇၇၊ ပုဒ်မခွဲ (က) နှင့် (ဃ) တို့အရ အဆိုပြုချက်ပါနှင့်မတည်ငွေရင်းတိုးမြှင့်ခွင့်ပြုချက်ပါ စက်ပစ္စည်း၊ စက်ကိရိယာနှင့် လုပ်ငန်းသုံး ပစ္စည်းများအား အခွန်အကောက်ကင်းလွတ်ခွင့် လျှောက်ထားရာတွင် အောက်ပါတို့ကို ပူးတွဲ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌထံ လိပ်မူ လျှောက်ထားရပါမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းမျာ

(၁) ကုမ္ပဏီတင်ပြစာ

(၂) မတည်ငွေရင်းတိုးမြှင့်ခြင်းဖြစ်ပါက မတည်ငွေရင်းတိုးမြှင့်ခွင့်ပြုစာ

(၃) ပုံစံ(၆) (မတည်ငွေရင်းအလိုက် ဝန်ဆောင်ခပေးသွင်းရန်)

(၄) တင်သွင်းမည့်စက်ပစ္စည်းစာရင်း (ဓါတ်ပုံပူးတွဲတင်ပြရန်)

(၅) ခွင့်ပြုမိန့်နှင့် ဆုံးဖြတ်ချက်မိတ္တူ

(၆) ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်ရုံးသို့မလာရောက်နိုင်လျှင်) (အမည် ၊ မှတ်ပုံတင်နံပါတ် ၊ လက်မှတ် ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ် ဖော်ပြရန်)

(၇) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ-ပုံစံ(၁၀)

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) သက်ဆိုင်ရာဌာနများသို့ သဘောထားတောင်းခံခြင်း

(၂) သဘောထားမှတ်ချက်များပြည့်စုံပါက ကော်မရှင်အစည်းအဝေးသို့ တင်ပြခြင်း

(၃) ကော်မရှင်အစည်းအဝေးဆုံးဖြတ်ချက်အား ကုမ္ပဏီသို့အကြောင်းကြားခြင်း

ကုန်ကြမ်းပစ္စည်းများအား အခွန်အကောက် ကင်းလွတ်ခွင့် လျှောက်ထား ခြင်း (ပုံစံ ၆) (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၇၇(ခ)

ရင်းနှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၇၇ ၊ ပုဒ်မခွဲ(ခ)အရ ကုန်ကြမ်းပစ္စည်း များအား အခွန်အကောက်ကင်းလွတ်ခွင့် လျှောက်ထားရာတွင် အောက်ပါတို့ကို ပူးတွဲ၍ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားရပါမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) ကုမ္ပဏီတင်ပြစာ

(၂) · ပုံစံ(၆) (မတည်ငွေရင်းအလိုက် ဝန်ဆောင်ခပေးသွင်းရန်)

(၃) တင်သွင်းမည့်ကုန်ကြမ်းပစ္စည်းစာရင်း၊ ကုန်ချောစာရင်း၊ Norms

(၄) ယခင်နှစ်ကုန်ကြမ်းတင်သွင်းခဲ့မှုနှင့် ကုန်ချောတင်ပို့ခဲ့မှုစာရင်း

(၅) ခွင့်ပြုမိန့်နှင့် ဆုံးဖြတ်ချက်မိတ္တူ

(၆) ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်ရုံးသို့မလာရောက်နိုင်လျှင်) (အမည် ၊ မှတ်ပုံတင်နံပါတ် ၊ လက်မှတ် ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ် ဖော်ပြရန်)

(၇) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ-ပုံစံ(၁၀)

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) သက်ဆိုင်ရာဌာနများသို့ သဘောထားတောင်းခံခြင်း

(၂) သဘောထားမှတ်ချက်များပြည့်စုံပါက ကော်မရှင်အစည်းအဝေးသို့ တင်ပြခြင်း

(၃) ကော်မရှင်အစည်းအဝေးဆုံးဖြတ်ချက်အား ကုမ္ပဏီသို့အကြောင်းကြားခြင်း

တည်ဆောက်ရေးကာလ စတင်သည့်နေ့ပြန်လည်သတ်မှတ်ခြင်း (နည်းဥပဒေ ၁၃၉)

ရင်းနှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဉပဒေ ၁၃၉ အရ တည်ဆောက်ရေးကာလ ပြန်လည်လျှောက်ထားမည်ဆိုပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌထံလိပ်မူပြီး အောက်ပါ စာရွက်စာတမ်း အထောက်အထားများနှင့် အတူ လျှောက်ထားရပါမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) ကုမ္ပဏီ၏ တင်ပြစာ ( ပြင်ဆင်လိုသည့်ကာလကို ဖော်ပြ၍ ခိုင်လုံသည့် အကြောင်း အရင်းဖော်ပြချက်)

(၂) ဒါရိုက်တာအစည်းအဝေးဆုံးဖြတ်ချက် (မူရင်း)

(၃) သက်ဆိုင်ရာ အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းထံမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှင့်စပ်လျဉ်းသည့် တည်ဆောက်မှု သို့မဟုတ် ပြင်ဆင်မှုပြုလုပ်ရန် ခွင့်ပြုချက်ရရှိသည့်နေ့ရက်မှစ၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တည်ဆောက်မှု ကာလ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပြင်ဆင်မှုကာလကို စတင်ရေတွက် ရမည်။ ရင်းနှီးမြှုပ်နှံသူသည် သက်ဆိုင်ရာ အစိုးရဌာန သို့မဟုတ် အစိုးရဌာန ထံမှ ရရှိသည့် ယင်းခွင့်ပြုချက် စာရွက်စာတမ်းအား ရရှိသည့်နေ့မှစ၍ အလုပ်လုပ်ရက် ၁၀ အတွင်း ကော်မရှင်သို့ မိတ္တူပေးပို့ တင်ပြရမည်။

(၄) မူလအဆိုပြုချက်ပါ တင်သွင်းခွင့်ပြုစာရင်း၊ တင်သွင်းပြီးစာရင်းနှင့် တင်သွင်းရန် ကျန်စာရင်းများ နှိုင်းယှဉ်မှုဇယား (Machinery/Equipment/Construction Material Balance Sheet)

(၅) မြေငှားစာချုပ် (အစိုးရဌာနများနှင့် ချုပ်ဆိုထားသည့် BOT စာချုပ်, PSC စာချုပ်၊ မြေငှားစာချုပ်များနှင့် ပုဂ္ဂလိက အချင်းချင်း ငှားရမ်းထားသည့်မြေငှားစာချုပ် )

(၆) ရင်းနှီးမြှုပ်နှံသူ၏ ကိုယ်စားတင်ပြခြင်းဖြစ်ပါက(လက်မှတ်မူရင်းဖြင့်) ကိုယ်စား လှယ်လွှဲစာ (အမည် ၊ မှတ်ပုံတင်နံပါတ် ၊ လက်မှတ် ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်

(၇) ထည့်ဝင်ပြီးအခြေအနေ(အဆိုပြုချက်ပါ/ ပြင်ဆင်ချက်အရ)

(၈) MyCo Extract Update

(၉) ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်းသည့် ခွင့်ပြုမိန့်/အတည်ပြုမိန့်ပါ အချက်အလက်များ ပြောင်းလဲခြင်းရှိပါက ပူးတွဲတင်ပြပေးရန်

(၁၀) နောက်ဆုံးတင်ပြခဲ့သည့် ၃လပတ်အစီရင်ခံစာ

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း

(၂) ဝန်ကြီးဌာန (သို့မဟုတ်) ဦးစီးဌာနများဖြင့် မြေငှားရမ်းခြင်း၊ စာချုပ်ချုပ်ဆို ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာဌာနများသို့သက်ဆိုင်ရာသဘောထား မှတ်ချက်များ တောင်းခံခြင်း (မြေပိုင်ရှင်ဝန်ကြီးဌာနများသို့ ဥပမာ။ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စက်မှု၊ စိုက်/မွေး/ဆည်၊ စီး/ကူး၊ ဆောက်လုပ်ရေး၊ ပို့/ဆက်၊ စီမံ/ဘဏ္ဍာ၊ သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေး၊ ကာကွယ်ရေးဝန်ကြီး ဌာနများသို့သဘောထားတောင်းခံခြင်း)နှင့် လိုအပ်ပါက ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေးအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း။

(၃) ထို့နောက် ကုမ္ပဏီသို့ တည်ဆောက်ရေးတိုးမြှင့်ခွင့်ပြုသည့် အကြောင်းကြားစာ ထုတ်ပေးခြင်း။

တစ်နှစ်စာကုန်ကြမ်း တင်သွင်းခွင့်လျှောက်ထားခြင်း အမိန့်ကြော်ငြာ စာအမှတ် (၂၆/၂၀၂၁)

ရင်းနှီးမြှုပ်နှံသူသည် အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၂၁) ဆောင်ရွက်နေသည့်လုပ်ငန်းများမှအရ တင်သွင်းခွင့်လျှောက်ထားကုန်ကြမ်း တစ်နှစ်စာရာတွင် အောက်ပါတို့ကို ပူးတွဲ၍ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားရပါမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) ကုမ္ပဏီတင်ပြစာ

(၂) တစ်နှစ်စာကုန်ကြမ်းစာရင်း၊ ထုတ်လုပ်မည့်ကုန်ချောစာရင်း၊ Norms

(၃) ယခင်နှစ်ကုန်ကြမ်းအမှန်တင်သွင်းခဲ့မှုစာရင်း

(၄) ခွင့်ပြုမိန့်နှင့် ဆုံးဖြတ်ချက်မိတ္တူ

(၅) ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်ရုံးသို့မလာရောက်နိုင်လျှင်) (အမည် ၊ မှတ်ပုံတင်နံပါတ် ၊ လက်မှတ် ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ် ဖော်ပြရန်)

(၆) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ-ပုံစံ(၁၀)

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) သက်ဆိုင်ရာဌာနများသို့ သဘောထားတောင်းခံခြင်း

(၂) သဘောထားမှတ်ချက်များပြည့်စုံပါက ကော်မရှင်အစည်းအဝေးသို့ တင်ပြခြင်း

(၃) ကော်မရှင်အစည်းအဝေးဆုံးဖြတ်ချက်အား ကုမ္ပဏီသို့အကြောင်းကြားခြင်း

ကော်မရှင်ခွင့်ပြုမိန့်ဖြင့် တင်သွင်းထားသည့် စက်ပစ္စည်းနှင့် ကုန်ကြမ်း ပစ္စည်းများ ပြန် လည်တင်ပို့ခွင့် လျှောက်ထားခြင်း (နည်းဥပဒေ- ၁၇၇)

ကော်မရှင်ခွင့်ပြုမိန့်ဖြင့် တင်သွင်းထားသည့် စက်ပစ္စည်း နှင့် ကုန်ကြမ်းပစ္စည်းများ ပြန်လည်တင်ပို့ခွင့် လျှောက်ထားရာတွင် အောက်ပါတို့ကို ပူးတွဲ၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားရပါမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) ကုမ္ပဏီတင်ပြစာ (မတည်ငွေရင်း ပြောင်းလဲခြင်း ရှိမရှိ ဖော်ပြပေးရန်)

(၂) Proforma Invoice and Sale Contract

(၃) ကော်မရှင်မှ တင်သွင်းခွင့်ပြုခဲ့သည့် ခွင့်ပြုစာ နှင့် တင်သွင်းခဲ့သည့် အထောက်အထား

(၄) ယခင်တင်ပို့ခဲ့မှု ရှိပါက တင်ပို့ပြီးစီးမှုအထောက်အထားများတွဲပေးရန်

(၅) ခွင့်ပြုမိန့်နှင့် ဆုံးဖြတ်ချက်မိတ္တူ

(၆) ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်ရုံးသို့မလာရောက်နိုင်လျှင်) (အမည် ၊ မှတ်ပုံတင်နံပါတ် ၊ လက်မှတ် ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ် ဖော်ပြရန်)

(၇) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ-ပုံစံ(၁၀)

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) ကွင်းဆင်းစစ်ဆေးခြင်း

(၂) လိုအပ်ပါကသက်ဆိုင်ရာဝန်ကြီးဌာနများသို့ သဘောထားမှတ်ချက်တောင်းခံခြင်း

(၃) ကော်မရှင်အစည်းအဝေးသို့ တင်ပြခြင်း

(၄) အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ ကုမ္ပဏီသို့ ခွင့်ပြုကြောင်းအကြောင်းကြားစာ ထုတ်ပေးခြင်း။

ကုန်ကြမ်း အခွန်အကောက်ပေးဆောင် တင်သွင်းခွင့် လျှောက်ထားခြင်း

အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၂၁) အရ ဆောင်ရွက်နေသည့်လုပ်ငန်းများမှ ကုန်ကြမ်းပစ္စည်း တင်သွင်းခွင့်လျှောက်ထားရာတွင် အောက်ပါတို့ကို ပူးတွဲ၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားရပါမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) ကုမ္ပဏီတင်ပြစာ

(၂) ဘဏ္ဍာနှစ်အတွက် ကော်မရှင်ခွင့်ပြုစာ

(၃) Proforma Invoice and Sale Contract

(၄) တင်သွင်းပြီးစီးမှုလက်ကျန်ဇယား

(၅) ခွင့်ပြုမိန့်နှင့် ဆုံးဖြတ်ချက်မိတ္တူ

(၆) ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်ရုံးသို့မလာရောက်နိုင်လျှင်) (အမည် ၊ မှတ်ပုံတင်နံပါတ် ၊ လက်မှတ် ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ် ဖော်ပြရန်)

(၇) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ-ပုံစံ(၁၀)

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) တင်ပြလာသည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိမရှိစိစစ်ခြင်း

(၂) တင်သွင်းခွင့်အတွက် ကော်မရှင်ခွင့်ပြုစာထုတ်ပေးခြင်း

ခွင့်ပြုမိန့် ပြင်ဆင်ချက်

ရင်းနှီးမြှုပ်နှံသူအမည်ပြောင်းလဲခွင့်တင်ပြခြင်း(နည်းဥပဒေ-၁၇၇)

ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၇၇ အရ ရင်းနှီးမြှုပ်နှံသူအမည် ပြောင်းလဲလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌထံ လိပ်မူလျှောက်ထားပြီး အောက်ပါ တို့ကို ပူးတွဲတင်ပြရမည်

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) ကုမ္ပဏီတင်ပြစာ (အကြောင်းပြချက်ပြည့်စုံစွာဖြင့်တင်ပြရန်)

(၂) MyCO တွင် ပြောင်းလဲထားပြီးဖြစ်သည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် Company Extract

(၃) နိုင်ငံသားမှတ်ပုံတင်လက်မှတ်မိတ္တူ (သို့) Passport မိတ္တူ

(၄) ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်(မူရင်း)

(၅) ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်လာရောက်ခြင်းမဟုတ်ပါက)

(၆) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ – ပုံစံ (၁၀) (တင်ပြရခြင်း မရှိ သေးပါက)

စိစစ်ဆောင်ရွက်မှု လုပ်ငန်းစဉ်

(၁) ပူးတွဲ တင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း

(၂) အစုရှယ်ယာရှင်ပြောင်းလဲမှု ရှိ မရှိ နှင့် ပြောင်းလဲမည့် ရင်းနှီးမြှုပ်နှံသူသည် MyCO တွင် ဒါရိုက်တာအဖွဲ့ဝင် ဟုတ် မဟုတ် စိစစ်ခြင်း

(၃) အချက်အလက်များ မှန်ကန်မှု ရှိပါက စိစစ်ခွင့်ပြုခြင်း

(၄) လိုအပ်ပါက ပြည်ထဲရေးဝန်ကြီးဌာနသို့ သဘောထားမှတ်ချက်တောင်းခံခြင်း

(၅) ကုမ္ပဏီသို့အကြောင်းကြားစာပေးပို့ခြင်း

လုပ်ငန်းတည်နေရာ တိုးချဲ့ခွင့်/ပြောင်းလဲခွင့်တင်ပြခြင်း (နည်းဥပဒေ-၁၃၆(က))

ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၃၆(က) အရ ကုမ္ပဏီ၏ လုပ်ငန်း တည်နေရာ တိုးချဲ့/ပြောင်းလဲလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌထံ လိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) ကုမ္ပဏီတင်ပြစာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)

(၂) ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် (မူရင်း)

(၃) တည်နေရာပြမြေပုံ (မူလနှင့် ပြောင်းရွှေ့တည်နေရာအတွက် ဆက်စပ်မှုရှိပါက)

(၄) မူလမြေငှားစာချုပ် (လက်မှတ်ရေးထိုးပြီး မြေငှားသက်တမ်းရှိပါက ရပ်ဆိုင်းစာချုပ် တင်ပြရန်)

(၅) တိုးချဲ့/ပြောင်းရွှေ့မည့်နေရာအတွက် မြေငှားစာချုပ် (မူကြမ်း)

(၆) · တိုးချဲ့/ပြောင်းရွှေ့မည့်နေရာအတွက် မြေဂရန်

(၇) ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်လာရောက်ခြင်းမဟုတ်ပါက)

(၈) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ – ပုံစံ (၁၀) (တင်ပြရခြင်း မရှိ သေးပါက)

စိစစ်ဆောင်ရွက်မှု လုပ်ငန်းစဉ်

(၁) ပူးတွဲ တင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း

(၂) ကုမ္ပဏီမှ တင်ပြလာသော တည်နေရာတွင် ကော်မရှင် ခွင့်ပြုမိန့် (သို့မဟုတ်) အတည်ပြုမိန့်ဖြင့် ဆောင်ရွက်နေသော အခြားလုပ်ငန်းများ ရှိ မရှိ စိစစ်ခြင်း

(၃) မူလ နှင့် ယခုပြောင်းလဲမည့် တည်နေရာ၏ မြေငှားစာချုပ်၊ မြေပိုင်ဆိုင်မှု အထောက် အထားပါ အချက်အလက်များအား မှန်ကန်မှု ရှိ မရှိ စိစစ်ခြင်း

(၄) ပြောင်းလဲမည့် တည်နေရာအား ကွင်းဆင်းစစ်ဆေးခြင်း

(၄) ပြောင်းလဲမည့် တည်နေရာသည် စက်မှုဇုန်အတွင်း တည်ရှိပါက စိစစ်ခွင့်ပြုခြင်း

(၅) ပြောင်းလဲမည့် တည်နေရာသည် စက်မှုဇုန်ပြင်ပ ဖြစ်ပါက သက်ဆိုင်ရာတိုင်း ဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့သို့ သဘောထားမှတ်ချက်တောင်းခံ၍ စိစစ်ခွင့်ပြု ခြင်း၊

(၆) တိုင်းဒေသကြီး/ ပြည်နယ် ကျော်လွန်၍ ပြောင်းရွှေ့ဆောင်ရွက်ခြင်းဖြစ်ပါက မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးသို့တင်ပြ၍ စိစစ်ခွင့်ပြုခြင်း

(၇) ကုမ္ပဏီသို့အကြောင်းကြားစာပေးပို့ခြင်း

ခွင့်ပြုမိန့်ပြင်ဆင်ချက်။ ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံသည့်ကာလ ပြောင်းလဲခြင်း ဥပဒေပုဒ်မ-၇၀၊ နည်းဥပဒေ-၁၃၇၊၁၇၅၊၁၇၇

ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ(င)အရ ရင်းနှီးမြှုပ်နှံမှု သက်တမ်းတိုးချဲ့လိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) ကုမ္ပဏီတင်ပြစာ (အကြောင်းပြချက်ပြည့်စုံစွာဖြင့်တင်ပြရန်)

(၂) မြေငှားစာချုပ်မိတ္တူနှင့် မြေပိုင်ဆိုင်မှုအထောက်အထား

(၃) နောက်ဆုံးဘဏ္ဍာနှစ်အတွက် အခွန်ရှင်းတမ်းအထောက်အထား

(၄) ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်(မူရင်း) (သို့) သက်ဆိုင်ရာဝန်ကြီးဌာန များ၏ ထောက်ခံစာ

(၅) ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်လာရောက်ခြင်းမဟုတ်ပါက)

(၆) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ – ပုံစံ (၁၀) (တင်ပြရခြင်း မရှိ သေးပါက)

စိစစ်ဆောင်ရွက်မှု လုပ်ငန်းစဉ်

(၁) ပူးတွဲ တင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း

(၂) ကုမ္ပဏီအနေဖြင့် ပုဂ္ဂလိကပိုင်မြေတွင် လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်ပါက မြေငှား စာချုပ်သက်တမ်း ရှိ မရှိ စိစစ်၍ မြေငှားစာချုပ်သက်တမ်းနှင့်အညီ ရင်းနှီးမြှုပ်နှံ သည့်ကာလတိုးမြှင့်ခွင့်အား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးသို့ တင်ပြ၍ စိစစ်ခွင့်ပြုခြင်း

(၃) ကုမ္ပဏီအနေဖြင့် ဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆို၍ လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် စာချုပ်ချုပ်ဆိုခွင့်နှင့်အတူ ရင်းနှီးမြှုပ်နှံသည့် ကာလတိုးမြှင့်ခွင့်အား တင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်း အဝေးသို့တင်ပြ၍ စိစစ်ခွင့်ပြုခြင်း

(၄) ကော်မရှင်အစည်းအဝေးဆုံးဖြတ်ချက်အား ကုမ္ပဏီသို့အကြောင်းကြားစာပေးပို့ခြင်း

အစုရှယ်ယာလွှဲပြောင်းခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုပုံစံ ပြောင်းလဲခြင်း {နည်းဥပဒေ ၁၇၇}

ရင်းနှီးမြှုပ်နှံသူသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၇၇ အရ အစုရှယ်ယာ သို့မဟုတ် ပိုင်ဆိုင် သောပစ္စည်းများကို လွှဲပြောင်းခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုပုံစံပြောင်းလဲခြင်းအား ကြိုတင်ခွင့်ပြုချက် ရယူရန်အတွက် အောက်ပါတို့ကို ပူးတွဲ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌထံ လိပ်မူ လျှောက်ထားရမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)

(၂) ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)

(၃) ကုမ္ပဏီအချက်အလက်အကျဉ်းချုပ်

(၄) ပုံစံ (၈) (လိုအပ်သည့်အထောက်အထားများပူးတွဲရန်)

(၅) အစုရှယ်ယာလွှဲပြောင်းစာချုပ် (သို့) လုပ်ငန်းလွှဲပြောင်းစာချုပ် (မူကြမ်း)

(၆) ထည့်ဝင်ပြီး ရင်းနှီးမြှုပ်နှံမှုဇယား

(၇) အခွန်ကင်းရှင်းကြောင်းထောက်ခံချက် (လိုအပ်ပါကအခြေပစ္စည်းလွှဲပြောင်း ရောင်းချ ခြင်း၊ လဲလှယ်ခြင်းမှရရှိသည့်မြတ်စွန်းငွေအပေါ် ပေးဆောင်ရသည့်အခွန်ကို ပေးဆောင်မည် ဖြစ် ကြောင်း ကတိခံဝန်ချက်)

(၈) ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)

(၉) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ-ပုံစံ(၁၀)(တင်ပြရခြင်း မရှိသေးပါက)

(၁၀) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၉၁၊ ၁၉၂နှင့်၁၉၃ တို့အရ ကတိကဝတ်ပြုချက်

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း

(၂) ကုမ္ပဏီများ၏ အစုရှယ်ယာလွှဲပြောင်းခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုပုံစံပြောင်းလဲမည့်သူများသည် ပြစ်မှုကင်းရှင်းကြောင်းရှိ မရှိ၊ အမည်မည်းစာရင်းတွင် ပါဝင်ခြင်းရှိ မရှိ နှင့် Source of Fund မှန်ကန်မှု ရှိ မရှိ တို့အပေါ် ပြည်ထဲရေးဝန်ကြီးဌာနသို့လည်းကောင်း၊ အခွန်ထမ်းဆောင်ထားရှိ မှုအခြေအနေအပေါ် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသို့လည်းကောင်း၊ မတည်ငွေရင်း ထည့်ဝင်ပြီးစီးမှုအခြေ အနေအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့လည်းကောင်း၊ In Kind ထည့်ဝင်ထားမှု အခြေအနေအပေါ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ လည်းကောင်း (လိုအပ်ပါက)၊သဘောထားမှတ်ချက်တောင်းခံခြင်း၊ အစိုးရဝန်ကြီးဌာနများနှင့်ဆက်စပ် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ထောက်ခံတင်ပြချက်၊

(၃) သက်ဆိုင်ရာဌာနများမှသဘောထားမှတ်ချက်များစုံလင်ပါက အနီးစပ်ဆုံးကော်မရှင် အစည်း အဝေးသို့ တင်ပြဆောင်ရွက်ခြင်း၊

(၄) အစည်းအဝေးမှ ခွင့်ပြုချက်ရရှိပါက ကုမ္ပဏီသို့ အစုရှယ်ယာ သို့မဟုတ် လုပ်ငန်း လွှဲပြောင်းခွင့်ပြုကြောင်း အကြောင်းကြားစာ ထုတ်ပေးခြင်း။

ကုမ္ပဏီအမည်ပြောင်းလဲခွင့်တင်ပြခြင်း(နည်းဥပဒေ-၁၇၇)

 ရင်းနှီးမြှုပ်နှံသူများက စီးပွားရေးလုပ်ငန်း၏ အမည်ကို ပြောင်းလဲလိုလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၇၇ အရ ကုမ္ပဏီအမည် ပြောင်းလဲလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံ လိပ်မူလျှောက်ထားပြီး အောက်ပါ တို့ကို ပူးတွဲတင်ပြရမည်

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) ကုမ္ပဏီတင်ပြစာ (အကြောင်းပြချက်ပြည့်စုံစွာဖြင့်တင်ပြရန်)

(၂) MyCO တွင် ပြောင်းလဲထားပြီးဖြစ်သည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် Company Extract

(၃) ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်(မူရင်း)

(၄) ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်လာရောက်ခြင်းမဟုတ်ပါက)

(၅) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ – ပုံစံ (၁၀) (တင်ပြထားခြင်းမရှိ သေးပါက)

စိစစ်ဆောင်ရွက်မှု လုပ်ငန်းစဉ်

(၁) ပူးတွဲ တင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း

(၂) MyCO တွင် ကုမ္ပဏီအမည်ပြောင်းလဲထားပြီးဖြစ်ပါက စိစစ်ခွင့်ပြုခြင်း

(၃) ကုမ္ပဏီအနေဖြင့် ဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆို၍ လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်ပါ က သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့်တင်ပြခြင်း

(၄) ကုမ္ပဏီသို့အကြောင်းကြားစာပေးပို့ခြင်း

ရင်းနှီးမြှုပ်နှံသည့်လုပ်ငန်းအမျိုးအစား၊ ထုတ်ကုန်အား တိုးမြှင့်ခွင့်/ ပြောင်းလဲခွင့်/ ပြင်ဆင်ခွင့်တင်ပြခြင်း(နည်းဥပဒေ-၁၇၇)

ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၇၇ အရ ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းအမျိုးအစား၊ ထုတ်ကုန်တို့ကို တိုးမြှင့်/ ပြောင်းလဲ/ပြင်ဆင်လိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) ကုမ္ပဏီတင်ပြစာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)

(၂) ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက် (မူရင်း)

(၃) · ပြည်ပမှတင်သွင်းမည့် စက်ပစ္စည်းစာရင်း

(၄) ပြောင်းလဲ/တိုးမြှင့်မည့် ထုတ်ကုန်နှင့် တင်သွင်းမည့်ကုန်ကြမ်းစာရင်း

(၅) စက်ပစ္စည်းတင်သွင်းမှုနှင့်လက်ကျန်စာရင်း

(၆) ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း ရှိ မရှိ

(၇) · မူလ နှင့် တိုးချဲမည့် သို့မဟုတ် ပြောင်းလဲမည့်လုပ်ငန်း၏ ISIC Code

(၈) ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်လာရောက်ခြင်းမဟုတ်ပါက)

(၉) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ-ပုံစံ(၁၀)(တင်ပြရခြင်းမရှိသေးပါက)

စိစစ်ဆောင်ရွက်မှု လုပ်ငန်းစဉ်

(၁) ပူးတွဲ တင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း

(၂) မူလ နှင့် တိုးချဲမည့် သို့မဟုတ် ပြောင်းလဲမည့် လုပ်ငန်း၏ ISIC Code တူညီမှု ရှိ မရှိ စိစစ်ခြင်း

(၃) စက်မှုဝန်ကြီးဌာနနှင့် လိုအပ်ပါကအခြားသက်ဆိုင်ရာဝန်ကြီးဌာနများသို့ သဘော ထားမှတ်ချက်တောင်းခံခြင်း

(၄) သဘောထားမှတ်ချက်များရရှိပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေး သို့ တင်ပြ၍ စိစစ်ခွင့်ပြုခြင်း

(၅) ကော်မရှင်အစည်းအဝေးဆုံးဖြတ်ချက်အား ကုမ္ပဏီသို့အကြောင်းကြားစာပေးပို့ခြင်း

စာချုပ်များပြင်ဆင်ခြင်း (ပုဒ်မ ၆၉၊ ၇၀)

အစိုးရဝန်ကြီးဌာနများနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၆၉ နှင့် ၇၀ အရ မြေနှင့်အဆောက်အဦ ငှားရမ်းစာချုပ်များ၊ BOT စာချုပ် များ၊ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစာချုပ်၊ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုစာချုပ်များ ပြင်ဆင်လိုပါက သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌထံ လိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)

(၂) ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)

(၃) သက်ဆိုင်ရာဝန်ကြီးဌာန၏ တင်ပြစာ/ ထောက်ခံချက်စာ

(၄) စာချုပ် (မူလနှင့် ပြင်ဆင်ချက်) (ပြင်ဆင်ချက် မူကြမ်း)

(၅) စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်

(၆) ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)

(၇) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ – ပုံစံ (၁၀) (တင်ပြရခြင်း မရှိ သေးပါက)

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) ပူးတွဲ တင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း၊

(၂) အနီးစပ်ဆုံးကော်မရှင်အစည်းအဝေးသို့ တင်ပြ ဆောင်ရွက်ခြင်း၊

(၃) အစည်းအဝေးမှ ခွင့်ပြုချက်ရရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ကုမ္ပဏီသို့ စာချုပ်သက်တမ်းတိုးခွင့်/ပြင်ဆင်ခွင့်ပြုကြောင်း အကြောင်းကြားစာထုတ်ပေး ခြင်း။

ဝန်ထမ်းအင်အားစာရင်းတိုးမြှင့်ခွင့်လျှောက်ထားခြင်း (နည်းဥပဒေ ၁၇၇)

ရင်းနှီးမြှုပ်နှံသူသည် နည်းဥပဒေ ၁၇၇ အရ အဆိုပြုချက်ပါဝန်ထမ်းအင်အားစာရင်း တိုးမြှင့်ခွင့် လျှောက်ထားရာတွင် Investment Monitoring System (IMS) တွင် Online စနစ်ဖြင့် ims.dica.gov.mm မှတစ်ဆင့် ကော်မရှင်သို့ အောက်ပါစာရွက်စာတမ်းအထောက် အထားများ နှင့်အတူလျှောက်ထားရပါမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) အဆိုပြုချက်ပါ ဝန်ထမ်းအင်အားစာရင်းတိုးမြှင့်ခွင့် တင်ပြလွှာ (Online Form)

(၂) ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)

(၃) အဆိုပြုချက်ပါ ပြည်တွင်း/ ပြည်ပ ဝန်ထမ်းအင်အား စာရင်း၊

(၄) လက်ရှိခန့်ထားပြီး ပြည်တွင်း/ပြည်ပဝန်ထမ်း အင်အားစာရင်း၊

(၅) ဝန်ထမ်းအင်အားတိုးမြှင့်လိုသည့်အကြောင်းအရင်း ရှင်းလင်းတင်ပြစာ၊

(၆) ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်ရုံးသို့မလာရောက်နိုင်လျှင်) (အမည် ၊ မှတ်ပုံတင်နံပါတ် ၊ လက်မှတ် ၊ဆက်သွယ်ရမည့်ဖုန်းနံပါတ် ဖော်ပြရန် )

(၇) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ-ပုံစံ(၁၀) (ကော်မရှင်သို့ တင်ပြပြီးဖြစ်ပါက ထပ်မံတင်ပြရန်မလိုပါ)

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) ပူးတွဲ တင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း

(၂) ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှနိုင်ငံခြားသားဝန်ထမ်းတိုးမြှင့်ခန့်ထားရန်အမှန်တကယ် လိုအပ်မှု ရှိ မရှိ ကုမ္ပဏီသို့ ကွင်းဆင်းစစ်ဆေး၍ အထက်သို့ အစီရင်ခံတင်ပြခြင်း

(၃) ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ နိုင်ငံခြားသားဝန်ထမ်းများ တိုးမြှင့်ခန့်ထားရန် အမှန်တကယ် လိုအပ်ပါက ခွင့်ပြုကြောင်း အကြောင်းကြားစာထုတ်ပေးခြင်း

ပင်မအဖွဲ့အစည်းအမည်နှင့် လိပ်စာပြောင်းလဲခွင့်တင်ပြခြင်း (နည်းဥပဒေ-၁၇၇)

ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၇၇ အရ ပင်မအဖွဲ့အစည်း အမည်နှင့်လိပ်စာ ပြောင်းလဲလိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌထံ လိပ်မူလျှောက်ထား ပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) ကုမ္ပဏီတင်ပြစာ (အကြောင်းပြချက်ပြည့်စုံစွာဖြင့်တင်ပြရန်)

(၂) MyCO တွင် ပြောင်းလဲထားပြီးဖြစ်သည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် Company Extract တင်ပြရန်

(၃) ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်(မူရင်း)

(၄) ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်လာရောက်ခြင်းမဟုတ်ပါက)

(၅) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ – ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)

စိစစ်ဆောင်ရွက်မှု လုပ်ငန်းစဉ်

(၁) ပူးတွဲ တင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း

(၂) အချက်အလက်များ မှန်ကန်မှုရှိပါက စိစစ်ခွင့်ပြုခြင်း

(၃) ကုမ္ပဏီသို့အကြောင်းကြားစာပေးပို့ခြင်း

နိုင်ငံခြားမတည်ငွေရင်း ယူဆောင်လာမည့် ကာလပြင်ဆင်ခြင်း

ရင်းနှီးမြှုပ်နှံသူများက နိုင်ငံခြားမတည်ငွေရင်း ယူဆောင်လာမည့်ကာလပြင်ဆင်လိုပါက မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌထံ လိပ်မူလျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)

(၂) ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)

(၃) နိုင်ငံခြားမတည်ငွေရင်းယူဆောင်လာမည့်ကာလမူလနှင့်ပြင်ဆင်ချက်ဇယား (အချိန်ကာလဖော်ပြရန်)

(၄) ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)

(၅) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ – ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)

စိစစ်ဆောင်ရွက်မှုလုပ်ငန်းစဉ်

(၁) ပူးတွဲ တင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း၊

(၂) အနီးစပ်ဆုံးကော်မရှင်အစည်းအဝေးသို့ တင်ပြဆောင်ရွက်ခြင်း၊

(၃) အစည်းအဝေးမှ ခွင့်ပြုချက်ရရှိပါက ကုမ္ပဏီသို့ ခွင့်ပြုကြောင်းအကြောင်းကြားစာ ထုတ်ပေးခြင်း။

မှတ်ချက်။ ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်ရုံးသို့မလာရောက်နိုင်လျှင် ကိုယ်စားလှယ်လွှဲစာ (အမည် ၊ မှတ်ပုံတင်နံပါတ် ၊ လက်မှတ် ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ် ဖော်ပြရန်) နောက်ဆုံးတင်ပြခဲ့သည့် သုံးလပတ်အစီရင်ခံစာမိတ္တူ-ပုံစံ(၁၀)မိတ္တူ ပူးတွဲတင်ပြပေးပါရန် ။

ရင်းနှီးမြှုပ်နှံမှုသက်တမ်း ပြောင်းလဲခွင့်၊ သက်တမ်းတိုးခွင့်တင်ပြခြင်း (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၂၅(င))

ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ(င)အရ ရင်းနှီးမြှုပ်နှံမှု သက်တမ်းတိုးချဲ့လိုလျှင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(၁) ကုမ္ပဏီတင်ပြစာ (အကြောင်းပြချက်ပြည့်စုံစွာဖြင့်တင်ပြရန်)

(၂) မြေငှားစာချုပ်မိတ္တူနှင့် မြေပိုင်ဆိုင်မှုအထောက်အထား

(၃) နောက်ဆုံးဘဏ္ဍာနှစ်အတွက် အခွန်ရှင်းတမ်းအထောက်အထား

(၄) ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်(မူရင်း) (သို့) သက်ဆိုင်ရာဝန်ကြီးဌာန များ၏ ထောက်ခံစာ

(၅) ကိုယ်စားလှယ်လွှဲစာ(ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်လာရောက်ခြင်းမဟုတ်ပါက)

(၆) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ – ပုံစံ (၁၀) (တင်ပြရခြင်း မရှိ သေးပါက)

စိစစ်ဆောင်ရွက်မှု လုပ်ငန်းစဉ်

(၁) ပူးတွဲ တင်ပြရမည့်စာရွက်စာတမ်းများနှင့် အချက်အလက်များကို စိစစ်ခြင်း

(၂) ကုမ္ပဏီအနေဖြင့် ပုဂ္ဂလိကပိုင်မြေတွင် လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်ပါက မြေငှား စာချုပ်သက်တမ်း ရှိ မရှိ စိစစ်၍ မြေငှားစာချုပ်သက်တမ်းနှင့်အညီ ရင်းနှီးမြှုပ်နှံ သည့်ကာလတိုးမြှင့်ခွင့်အား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးသို့ တင်ပြ၍ စိစစ်ခွင့်ပြုခြင်း

(၃) ကုမ္ပဏီအနေဖြင့် ဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆို၍ လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနမှတစ်ဆင့် စာချုပ်ချုပ်ဆိုခွင့်နှင့်အတူ ရင်းနှီးမြှုပ်နှံသည့် ကာလတိုးမြှင့်ခွင့်အား တင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်း အဝေးသို့တင်ပြ၍ စိစစ်ခွင့်ပြုခြင်း

(၄) ကော်မရှင်အစည်းအဝေးဆုံးဖြတ်ချက်အား ကုမ္ပဏီသို့အကြောင်းကြားစာပေးပို့ခြင်း

အစီရင်ခံခြင်း

အစီရင်ခံတင်ပြခြင်း (နည်းဥပဒေ-၁၉၆၊ ၁၉၇၊ ၁၉၈၊ ၁၉၉)

အစီရင်ခံတင်ပြခြင်း

တင်ပြရန်လိုအပ်သည့် အစီရင်ခံစာများ

  •      သုံးလပတ် အစီရင်ခံစာ(ပုံစံ -၁၀) နည်းဥပဒေ ၁၉၇
  •     နှစ်စဉ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ (ပုံစံ ၁၁) နည်းဥပဒေ ၁၉၆