
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ မှတ်ပုံတင်နိုင်သော ကုမ္ပဏီ အဓိက အမျိုးအစား ၃ မျိုးရှိသည်။ ၎င်းတို့မှာ-
ကုမ္ပဏီမှတ်ပုံတင်ကြေးမှာ မည်သည့် ကုမ္ပဏီအမျိုးအစားအတွက်မဆို ၁၅ဝ,ဝဝဝ ကျပ် ဖြစ်ပြီး အများပိုင် ကုမ္ပဏီ အမျိုးအစား အတွက်မူ ကုမ္ပဏီ မှတ်ပုံတင်ကြေးမှာ ၂,၅၀၀,၀၀၀ ကျပ် ဖြစ်ပါသည်၊၊
ကုမ္ပဏီများအတွက် DICA သို့ ကုမ္ပဏီမှတ်ပုံတင်ကြေးပေးသွင်းပြီးပါက ကုမ္ပဏီ မှတ်ပုံတင်လက်မှတ်အား ထုတ်ယူနိုင်ပါသည်။
ကုမ္ပဏီများမှတ်ပုံတင်သည့်အခါ အနည်းဆုံးမတည်ရင်းနှီးငွေ ထားရှိရန်မရှိပါ။ ဘဏ်လုပ်ငန်း ကုမ္ပဏီများ၊ အာမခံလုပ်ငန်း ငွေချေးသက်သေခံ လုပ်ငန်းကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းများအတိုင်း အနည်းဆုံးမတည်ရင်းနှီးငွေ သတ်မှတ်ချက်အား လိုက်နာရမည် ဖြစ်ပါသည်၊၊
မြန်မာနိုင်ငံသား လုပ်ငန်းရှင်များနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအကြား အကျိုးတူဖက်စပ်ကုမ္ပဏီ တည်ထောင်ရာတွင် ရှယ်ယာခွဲဝေပုံနှင့် ပတ်သက်ပြီး DICA မှ သတ်မှတ်ထားခြင်းမရှိပါ၊၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ပုဒ်မ ၂၂ အရ ဖက်စပ် လုပ်ငန်းတစ်ခုတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူသည် အနည်းဆုံးတိုက်ရိုက်အစုရှယ်ယာ သိုမဟုတ် အကျိုးစီးပွားအချိုးကို ၂၀ ရာခိုင်နှုန်း ထည့်ဝင်ရမည်ဟု ဖော်ပြထားပါသည်။ အကျိုးတူ ဖက်စက်ကုမ္ပဏီများအတွက် ခွင့်ပြုရှယ်ယာ ခွဲဝေပုံအချိုးနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များအား သိရှိလိုပါက DICA ရှိ ကုမ္ပဏီရေးရာဌာနခွဲသို့ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ၊ core.gov.mm@gmail.com သို့ဖြစ်စေ အီးမေးလ်ပေးပို့၍ ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်၊၊
ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုတွင် ရှယ်ယာလွှဲပြောင်းရောင်းချမှုသည် အကန့်အသတ်ရှိပြီး ရှယ်ယာရှင်အရေအတွက်မှာ အနည်းဆုံး (၁)ယောက်မှ အများဆုံး အယောက်(၅ဝ) အထိ ထားရှိနိုင်ပါသည်။ အများနှင့်သက်ဆိုင်သော ကုမ္ပဏီတွင် ရှယ်ယာရှင်အနည်းဆုံး (၁) ဦး ထားရှိရန်နှင့် အများဆုံးဦးရေ သတ်မှတ်ချက် မရှိပါ၊၊
လုပ်ငန်းနှင့် ဆက်စပ်သည့် ဝန်ကြီးဌာနများမှ လုပ်ငန်းလိုင်စင်ရရှိရန် လိုအပ်သော ကုမ္ပဏီများမှလွဲ၍ ပုဂ္ဂလိကကုမ္ပဏီများသည် ကုမ္ပဏီဖွဲ့စည်းခွင့် အသိအမှတ်ပြုလက်မှတ်အား ရရှိပြီးနောက် လုပ်ငန်းလည်ပတ်မှုများကို ချက်ချင်း စတင်ဆောင်ရွက်နိုင်ပါသည်။ အများနှင့်သက်ဆိုင်သော ကုမ္ပဏီများသည် လုပ်ငန်းလည်ပတ်မှုများ မဆောင်ရွက်ခင် လုပ်ငန်းစတင် ဆောင်ရွက်ခွင့်ရရှိရန် အလားအလာ ညွှန်းတမ်းအစား ကုမ္ပဏီလုပ်ငန်းဖော်ပြချက် တစ်စောင် တင်ပြရမည်ဖြစ်ပြီး ၎င်းလက်မှတ်ရရှိမှသာ လုပ်ငန်းစတင် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ထို့ပြင် အလားအလာညွှန်းတမ်း တင်ပြပြီးမှသာ အများပြည်သူသို့ အစုရှယ်ယာများ ဖိတ်ခေါ်နိုင်မည် ဖြစ်ပါသည်။
ကုမ္ပဏီမှတ်ပုံတင်လက်မှတ်များ၏ သက်တမ်းသတ်မှတ်ချက်မရှိပါ။
ထည့်ပြီး ရှာဖွေသည် (Search) ကို နှိပ်ပါ။
တင်သွင်းသည် (Submit) ကို နှိပ်ပါ။
(Home) ထဲရှိ မိမိမှာယူထားသော အချက်အလက်များ (My Order) တွင် ထုတ်ယူနိုင် ပါသည်။
Transaction Report ထွက်လာပါက ပုံစံ-၁(က) Form A-1 တင်လို့ ပြီးပါပြီ။
နှစ်စဉ်အစီရင်ခံစာ (Form – AR) ပုံစံရယူခြင်း
နှစ်စဉ်အစီရင်ခံစာ (Form-AR) ပုံစံဖြည့်သွင်းခြင်း
အများနှင့်သက်ဆိုင်သော (Public) ကုမ္ပဏီအတွက် နှစ်စဉ်အစီရင်ခံစာ (Form-AR) ပုံစံ ဖြည့်သွင်းခြင်း
ဂ – ၆ (က) (Form – C- 6 A) ပုံစံရယူခြင်း
ဂ – ၆ (က) (Form – C- 6 A) ပုံစံ ဖြည့်သွင်းခြင်း
ဂ – ၆ (ခ) (Form – C- 6 B) ပုံစံရယူခြင်း
ဂ – ၆ (ခ) (Form – C- 6 B) ပုံစံ ဖြည့်သွင်းခြင်း
ဂ – ၃ (Form – C- 3) ပုံစံရယူခြင်း
ဂ – ၃ (Form – C- 3) ပုံစံ ဖြည့်သွင်းခြင်း
C-3 Form ရယူခြင်း
C-3 Form ဖြည့်သွင်းခြင်း
အစုရှယ်ယာတိုးမြှင့်လိုခြင်း
Foreign Company (သို့မဟုတ်) Myanmar Company သို့ပြောင်းလဲခြင်း
ရှယ်ယာရှင်အသစ်ခန့်အပ်ခြင်း
ရှယ်ယာရှင်နှုတ်ထွက်ခြင်း
ရှယ်ယာ လွှဲပြောင်းခြင်း
D-1 Form ရယူခြင်း
D-1 Form ဖြည့်သွင်းခြင်း
ဒါရိုက်တာ အသစ်ခန့်အပ်ခြင်း
ဒါရိုက်တာ နှုတ်ထွက်ခြင်း
ဒါရိုက်တာ နှင့် အတွင်းရေးမှူး ၏ အချက်အလက်များ ပြင်ဆင်ခြင်း
မိတ္တူ (သို့မဟုတ်) ပတ်စ်ပို့စ်မိတ္တူများကို PDF ပြောင်း၍ Upload File တွင်ထည့်ပေးပါ။
တစ်မျက်နှာပြီးတိုင်း မူကြမ်းသိမ်းဆည်းသည် (Save Draft) ကို နှိပ်ပေးပါ။
အတွင်းရေးမှူး ခန့်အပ်ခြင်း
Secretary နှုတ်ထွက်ခြင်း
MPU ကတ်ဖြင့် ငွေပေးချေခြင်း
Credit ကတ်ဖြင့် ငွေပေးချေခြင်း
မှတ်ချက်။ ။MPU ကတ်ဖြင့် ငွေပေးချေမည် ဆိုပါက အသုံးပြုမည့် MPU ကတ်သည် သက်ဆိုင်ရာဘဏ်တွင် E-commerce လျှောက်ထားပြီးသည့် ကတ်အမျိုးအစား ဖြစ်ရ ပါမည်။ အကြွေးကတ် (Credit (VISA သို့မဟုတ် MASTER) ကတ်) ဖြင့် ငွေပေးချေလျှင် E-commerce လျှောက်ထားစရာမလိုပါ။
မှတ်ချက်။ ။Transaction မအောင်ခဲ့လျှင် ပထမဦးစွာ အသုံးပြုသည့်ကတ်တွင် ဘဏ်မှ ငွေဖြတ် / မဖြတ် အရင် စစ်ဆေးပါ။ ငွေမဖြတ်ခဲ့လျှင် ထပ်မံကြိုးစားကြည့်ပါ။ အကယ်၍ အသုံးပြုသည့်ကတ်မှ ငွေဖြတ်သွားပြီး MyCO ၏ Financial တွင် Transaction မအောင်လျှင် သက်ဆိုင်ရာဘဏ်တွင် Complaint Form တင်ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၂၂ နှင့် ကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၇ (ဂ) အရ နိုင်ငံခြားသား ၈၀%နှင့် မြန်မာနိုင်ငံသား ၂၀% ဖြစ်ရန် လိုအပ်ပါသည်။
• အဆိုပြုချက် ပုံစံ-၂
• မြေအသုံးပြုခွင့်လျှောက်ထားလွှာ ပုံစံ-၇ (က)
• အလုပ်အကိုင်ရရှိမှုအခြေအနေ
• နှစ်စဉ်ထုတ်လုပ်မှုနှင့် ရောင်းချမည့်အစီအစဉ် (ပြည်တွင်း/ပြည်ပ)
• ငွေကြေးအထောက်အထား (ချေးငွေရယူဆောင်ရွက်မည်ဆိုပါက ပြည်တွင်း/ ပြည်ပဘဏ်နှင့်ချုပ်ဆိုမည့် ချေးငွေစာချုပ်(မူကြမ်း)၊ အတိုးနှုန်းနှင့် ပြန်လည် ပေးဆပ်မည့်အစီအစဉ်
• နှစ်စဉ်ကုန်ကြမ်းစာရင်းနှင့် ထုတ်လုပ်မည့်ယာဉ်အမျိုးအစားအတွက် ကုန်ကြမ်း ပစ္စည်း အစိတ်အပိုင်းတင်သွင်းမှုပုံစံ၊ HS Code ဖြင့် ဖော်ပြချက်နှင့်တန်ဖိုး
• မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းအတွက် နည်းပညာ အသုံးပြုမှု၊ ထုတ်လုပ်မှုနည်းစဉ်နှင့် အသုံးပြုခွင့်ရရှိကြောင်း အထောက်အထားများ (Letter of
Authorization၊ Distribution Agreement)၊ Inspection Certificate၊
• Assembly line ထားရှိမည့် အစီအမံများ၊ Machine Layout Plan
မှတ်ချက်။ SKD စနစ်ဖြင့် လျှပ်စစ်သုံးမော်တော်ကား/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီသို့ အဆိုပြု လွှာဦးစွာတင်ပြရမည်ဖြစ်ပြီး အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြု ချက်ရရှိပြီးမှသာ လုပ်ထုံးလုပ်နည်းနှင့်အညီ ကော်မရှင်ခွင့်ပြုမိန့်ရရှိရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် -၈၅/၂၀၁၇အရ SKD စနစ်သစ်ဖြင့်လက်ခံ ဆောင်ရွက်ပေးပါသည်။
ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သော ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခြင်းဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အချိုးကျဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရင်းနှီးမြှုပ်နှံသူများအား ကိစ္စရပ်တစ်ခုချင်း အပေါ်မူတည်၍ အခွန်ကင်းလွတ်ခွင့်များ သို့မဟုတ် သက်သာခွင့်များကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ အခန်း ၁၈၊ ပုဒ်မ ၇၅၊ ၇၇၊ ၇၈ အရ ကင်းလွတ်ခွင့်နှင့် သက်သာ ခွင့်များကို ပြဋ္ဌာန်းထားသည့်အချက်များနှင့်အညီ ခံစားခွင့်ပြုနိုင်ရန် လျှောက်ထား နိုင်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ၂၃၈ အရ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုသို့ ပြောင်းလဲရာတွင် အဆိုပြုချက်/ အတည်ပြု လျှောက်ထားလွှာ တင်ပြရန် မလိုပါ။ ရင်းနှီးမြှုပ်နှံမှုပုံစံ ပြောင်းလဲခြင်းအတွက် ထည့်ဝင်မည့် ရင်းနှီးမြှုပ်နှံမှုပမာဏ၊ ရှယ်ယာအချိုးအစား ဖော်ပြချက်၊ စက်ပစ္စည်း စာရင်းများတင်ပြရန်လိုအပ်ပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုချက် သို့မဟုတ် ထောက်ခံချက် ရရှိထားသော ရင်းနှီးမြှုပ်နှံသူ တစ်ဦးသည် ပုဂ္ဂလိကပိုင်မြေယာ၊ အဆောက်အဦ အတွက် ပုဂ္ဂလိကပိုင်ရှင် များထံမှဖြစ်စေ၊ နိုင်ငံပိုင် မြေယာ/ အဆောက်အဦ များအတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများထံမှဖြစ်စေ ကာလရှည် မြေငှားရမ်းခြင်းကို ရရှိနိုင် သည်။ ကနဦးငှားရမ်းသည့် ကာလမှာ နှစ်ပေါင်း ၅၀အထိဖြစ်ပြီး ၁၀နှစ်စီဖြင့် နှစ်ကြိမ်(စုစုပေါင်းနှစ်၂၀) သက်တမ်းတိုးချဲ့ နိုင်သည်။ ထို့ကြောင့် မြေအသုံးပြု ခွင့်ရရှိရန် ရင်းနှီးမြှုပ်နှံသူသည် ကော်မရှင် ခွင့်ပြုမိန့် လျှောက်ထားခြင်း လုပ်ငန်းစဉ် သို့မဟုတ် အတည်ပြုမိန့် လျှောက်ထားမှုလုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် လိုအပ်ပါသည်။
အတည်ပြုမိန့် ရရှိပြီးနောက်၊ စီးပွားရေးလုပ်ငန်း၏သဘာဝ သို့မဟုတ် အခြား ပြဋ္ဌာန်းချက်များအပေါ် မူတည်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရ အေဂျင်စီ များနှင့် အဖွဲ့အစည်းများထံမှ လိုင်စင်များ သို့မဟုတ် ခွင့်ပြုချက်များ လိုအပ်နိုင် ပါသည်။ ထို့နောက် အတည်ပြုချက်များ၊လိုင်စင်များ၊ ခွင့်ပြုချက်များ၊ ဖက်စပ် လုပ်ငန်း သဘောတူညီချက်နှင့် မြေငှားသဘောတူညီချက်များအားလုံး၏ မိတ္တူ၅စုံ ကိုကော်မရှင်သို့တင်သွင်းရမည်။
အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၇ အရ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် လုပ်ငန်းများအနက် ကောက်ပဲသီးနှံများအား ဖော်ထုတ်ပြီးး စိုက်ပျိုးမြေတွင် စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းစျေးကွက်၌ ဖြန့်ဖြူးခြင်း၊ ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်းမှအပ ကျန်စိုက်ပျိုးရေးလုပ်ငန်းများကို နိုင်ငံခြားသားပိုင်ဆိုင်မှု ၁၀၀ % ဖြင့် ဆောင်ရွက်နိုင်ပါသည်။
ကောက်ပဲသီးနှံများအား ဖော်ထုတ်ပြီး စိုက်ပျိုးမြေတွင် စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်၌ ဖြန့်ဖြူးခြင်း၊ ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းတွင် ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရန် မြန်မာနိုင်ငံသား အနည်းဆုံး ၂၀% အချိုးဖြင့် ပါဝင်ရန် သတ်မှတ်ထားပါသည်။
စိုက်ပျိုးရေးလုပ်ငန်းများတွင် ဖက်စပ်ရင်းနှီးမြှုပ်နှံသူအနေဖြင့် ကောက်ပဲသီးနှံများကို ပြည်ပသို့ ၁၀၀ ရာခိုင်နှုန်း ရောင်းချခွင့်ရှိပါသည်။
စက်မှုကုန်ကြမ်းသီးနှံများကို ဖက်စပ်ကုမ္ပဏီမှ စိုက်ပျိုးထုတ်လုပ်ပြီး ကုန်ကြမ်းအတိုင်း ပြည်ပ သို့ တင်ပို့ခွင့်ရှိပါသည်။ အဆိုပြုချက်တွင် ရှင်းလင်းစွာ ဖော်ပြရန်လိုအပ်ပါသည်။
စိုက်ပျိုးရေးကဏ္ဍတွင် မြေ ရရှိနိုင်မှုမှာ အရေးအကြီးဆုံးဖြစ်ရာ မြေနှင့် ပတ်သက်၍ အောက်ပါကိစ္စရပ်များကို ဆောင်ရွက်ရပါမည်-
သစ်အခြေခံစက်မှုလုပ်ငန်းအတွက် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၁၀၀% ဖြင့် ဆောင်ရွက် နိုင်ပါသည်။ သဘာဝတောမှထွက်ရှိသည့် သစ်ကုန်ကြမ်းအသုံးပြုသည့် သစ်အခြေခံစက်မှု လုပ်ငန်း များအား အမိန့်ကြော်ငြာစာ ၈၆/၂၀၁၇ ဖြင့် ယာယီ ကန့်သတ်ထားပါသည်။
သစ်အခြေခံ စက်မှုလုပ်ငန်းများဆောင်ရွက်ခြင်းဖြစ်ပါက ရင်းနှီးမြှုပ်နှံမှု လျှောက်ထားခြင်း ပုံစံပါ အချက်များအပြင် အောက်ပါအထောက်အထားများ ဆောင်ရွက်ရပါမည်-
ပြည်တွင်းမှ မရရှိနိုင်သော သစ်ကုန်ကြမ်းကို ပြည်ပမှ တင်သွင်းခွင့်ရှိပါသည်။
အစားအစာထုတ်လုပ်ရန်အတွက် အဆိုပြုချက်နှင့်အတူတင်ပြရမည့် အထောက်အထားများ အပါအဝင် အောက်ပါ အထောက်အထားများကိုလည်းတင်ပြရမည်-
စားသောက်ကုန်ထုတ်လုပ်ရာတွင် အမိန့်ကြော်ငြာစာအမှတ်-၁၅/၂၀၁၇တွင် ပါဝင်သည့် လုပ်ငန်းများအနေဖြင့် နိုင်ငံသားနှင့် ဖက်စပ်ဆောင်ရွက်ရာတွင် နိုင်ငံသားပိုင်ဆိုင်မှု အနည်းဆုံး ၂၀% ပါဝင်သည့် ဖက်စပ်စနစ်ဖြင့်သာ လုပ်ကိုင်ခွင့်ရှိပါသည်။ ဖော်ပြပါ အမိန့်ကြော်ငြာစာတွင် မပါဝင်သည့် အခြားသော လုပ်ငန်းများအနေဖြင့် နိုင်ငံသားနှင့် ဖက်စပ်ဆောင်ရွက်ရာတွင် အချိုးကန့်သတ်ချက်မရှိဘဲ ဆောင်ရွက်နိုင်ပါသည်။
နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ငန်းတွင်လိုအပ်သော ကုန်ကြမ်းအတွက် နွားမွေးမြူခြင်းအား တွဲဖက် ဆောင်ရွက်ခွင့်ရှိပါတယ်။
အရက်ဘီယာ ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လိုပါက မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင်သို့ ကြိုတင်တင်ပြရန်လိုအပ်ပါသည်။ အမိန့်ကြော်ငြာစာ ၁၅/၂၀၁၇အရ အရက်ဘီယာထုတ်လုပ်ခြင်းလုပ်ငန်းကို လျှောက်ထားခွင့်ရှိသော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်နှင့် လိုင်စင်များလိုအပ်ပါသဖြင့် ၎င်းဌာနများ သို့ ကြိုတင် စုံစမ်း သင့်ပါသည်။ အမိန့်ကြော်ငြာ စာ ၁၅/၂၀၁၇ အရ အရက်၊ ဘီယာ စသည့် လုပ်ငန်းများအား နိုင်ငံသားပိုင်ဆိုင်မှု အနည်းဆုံး ၂၀%ပါဝင်သည့် ဖက်စပ် စနစ်ဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
အမိန့်ကြော်ငြာစာ ၅၁/၂၀၁၄ အရ အရက်၊ ဘီယာနှင့် အလားတူ ကုန်ပစ္စည်း များအတွက် အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွှတ်ခွင့် သက်သာခွင့် မပေးပါ။
စည်သွပ်ဘူးလုပ်ငန်းကို နိုင်ငံသားနှင့် ဖက်စပ်စနစ် ဖြင့်သာ ဆောင်ရွက်ခွင့်ရှိပါသည်။
မွေးမြူရေးလုပ်ငန်းနှင့် အအေးခန်းစက်ရုံလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ပါက အဆိုပြုချက် နှင့်အတူ တင်ပြရမည့် အထောက်အထားများအပြင် ရေဆိုးစွန့်ပစ်သည့်အစီအမံ (Wastewater Treatment) ဆောင်ရွက်မည့်အစီအစဉ် တင်ပြရန်လိုအပ်ပါသည်။
အမိန့်ကြော်ငြာစာအမှတ် ၁၅/၂၀၁၇ အရ မွေးမြူးရေးလုပ်ငန်းကို သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသားနှင့် ဖက်စပ်ပုံစံဖြင့် ဖြစ်စေ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်စေ ဆောင်ရွက်နိုင်သည်။
အမိန့်ကြော်ငြာစာ ၁၅/၂၀၁၇ အရ ပြည်ပမှငါးမိခင်မျိုးရင်းများ တင်သွင်း၍ ပြည်တွင်းမှာ ငါးသားပေါက်များ ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀၀% ခွင့်ပြုပါသည်။
ငါးအအေးခန်းလုပ်ငန်းဆောင်ရွက်ရာတွင် ပုံမှန် စနစ်ဖြင့်ဆောင်ရွက်ခြင်း ဆိုသည်မှာ ကုန်ကြမ်းဖြစ်သော ငါးပုစွန်များကို ပြည်တွင်းမှ ဖမ်းဆီး၍ လည်းကောင်း ပြည်ပမှ တင်သွင်း၍ လည်းကောင်း ဆောင်ရွက်ပြီးပြည်တွင်း/ပြည်ပသို့ တင်ပို့ရောင်းချခြင်း လုပ်ငန်းဖြစ်ပါသည်။
လက်ခစားစနစ်ဆိုသည်မှာ လုပ်ငန်းအပ်နှံသူ၏ ငါးပုစွန်များကို စက်ရုံတွင် လက်ခစား စနစ်ဖြင့် သန့်စင်ထုပ်ပိုး သောလုပ်ငန်းဖြစ်ပါသည်။
အဆိုပြုချက် တင်ပြရာတွင် အောက်ပါအချက်များ ပါဝင်ရပါမည်-
ရင်းနှီးမြှုပ်နှံမှုဌာနခွဲ (၃) က အောက်ပါကဏ္ဍများကို ဆောင်ရွက်ရပါ တယ်-
ယေဘူယျအားဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အမိန့် ကြော်ငြာစာ အမှတ် ၁၃/၂၀၁၇ အရ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ကဏ္ဍမှာပါဝင်ပြီး အိမ်ရာအဆောက်အဦကဏ္ဍ ဆောင်ရွက်မည်ဆိုပါ က တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဆောင်ရွက်မှသာလျှင် အခွန်ကင်း လွတ်ခွင့်များ လျှောက်ထားနိုင်မည်ဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံသူက လျှောက်ထား တင်ပြလာလျှင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၅၊ ၇၇ နှင့် ၇၈ တို့အရ ကော်မရှင်မှ စိစစ်ခွင့် ပြုနိုင်ပါသည်။
ရှိပါသည်- ရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၇၅(က)တွင်ပါဝင်သော ဝင်ငွေ ခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်တိုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် ၁၀/၂၀၁၇ တွင် ဝင်ငွေခွန် ကင်းလွတ်ခွင့်အတွက် ဇုန် (၃) ဇုန် သတ်မှတ်ထားရှိပြီး ဖွံ့ဖြိုးမှုဇုန် အတွက် (၃) နှစ်၊ ဖွံ့ဖြိုးမှု အသင့်အတင့်ရှိသော ဇုန် အတွက် (၅) နှစ်၊ ဖွံ့ဖြိုးမှု နည်းပါးသောဇုန်အတွက် (၇) နှစ် လျှောက်ထား တင်ပြနိုင် ပါသည်။ ကော်မရှင်မှ စိစစ်၍ ခွင့်ပြုနိုင်ပါသည်။
ရင်းနှီးမြှုပ်နှံသူက တင်ပြလာသည့် လုပ်ငန်းအမျိုးအစားများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၃၆အရ တိုက်ဆိုင်စိစစ်၍ ကိုက်ညီမှုရှိလျှင် အဆိုပြုချက် တင်ပြရမည်ဖြစ်ပြီး ပုဒ်မ၃၆နှင့် ကိုက်ညီမှုရှိသော အောက်ပါလုပ်ငန်းများသည် အဆိုပြုချက် တင်ပြ ရမည်-
(က) ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထက် လုပ်ငန်းများ
(ခ)ပတ်ဝန်းကျင်နှင့် ဒေသခံလူထုအပေါ် ကြီးမားစွာအကျိုး သက်ရောက်မှုရှိသော လုပ်ငန်းများ
(ဂ) နိုင်ငံတော်အတွက် ဗဟာဗျူဟာအရ အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများ
(ဃ)နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အဦများ အသုံးပြုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ
(င) ကော်မရှင်သို့ အဆိုပြုချက် တင်ပြစေရန် အစိုးရအဖွဲ့က သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၃၆ နှင့် ကိုက်ညီမှုမရှိသော လုပ်ငန်းများသည် အတည်ပြုချက် တင်ပြရမည်ဖြစ်ပါသည်။
ရင်းနှီးမြှုပ်နှံသူကတင်ပြလာသော အဆိုပြုချက်ကို ကော်မရှင်မှ စိစစ်လက်ခံ၍ ရက်ပေါင်း ၆၀ အတွင်း ခွင်ပြုမိန့် ထုတ်ပေးရပါသည်။
ရင်းနှီးမြှုပ်နှံသူကတင်ပြလာသော အဆိုပြုချက်ကို ကော်မရှင်မှ စိစစ်လက်ခံ၍ ရက်ပေါင်း ၃၀ အတွင်း အတည်ပြုမိန့် ထုတ်ပေးရပါသည်။
ကော်မရှင်မှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာ ၁၅/၂၀၁၇ အရ ကန့်သတ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစာရင်းတွင် ပါဝင်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းမှ တစ်ဆင့်တင်ပြရန် သတ်မှတ်ထားသည့် လုပ်ငန်များစာရင်းတွင် ပါဝင်ပါက တင်ပြရမည်ဖြစ်သည်။
ကော်မရှင်မှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာ ၁၅/၂၀၁၇ (ဂ) အရ နိုင်ငံသား သို့မဟုတ် နိုင်ငံသားပိုင်လုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင် ရမည့် လုပ်ငန်းများစာရင်းတွင် မပါဝင်သည့် လုပ်ငန်းများကို နိုင်ငံခြားသား ရာခိုင်နှုန်းပြည့် လုပ်ကိုင်နိုင်ပါသည်။
ကော်မရှင်မှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာ ၁၅/၂၀၁၇ (ဂ) အရ နိုင်ငံသား သို့မဟုတ် နိုင်ငံသားပိုင်လုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်ရမည့် လုပ်ငန်းများစာရင်းတွင် ပါဝင်သည့် လုပ်ငန်းများတွင် နိုင်ငံခြားသား ၈၀ ရာခိုင်နှုန်း နှင့် မြန်မာနိုင်ငံသား ၂၀ ရာခိုင်နှုန်း စီ ထည့်ဝင်ဆောင်ရွက်ရပါမည်။
ရင်းနှီးမြှုပ်နှံမှုတွင် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် မည့်သည့် နိုင်ငံသားကိုမဆို အကြီးတန်းစီမံခန့်ခွဲမှု၊ နည်းပညာ လုပ်ငန်းကျွမ်းကျင်သူနှင့် အကြံပေးအဖြစ် ဥပဒေများနှင့်အညီခန့် ထားနိုင်ပါသည်။
အဆင့်ဆင့်သော စီမံခန့်ခွဲမှု၊ နည်းပညာ လုပ်ငန်းကျွမ်းကျင်သူ နေရာ တွင် နိုင်ငံသားများခန့်ထားနိုင်ရန် စွမ်းဆောင်ရည် မြှင့်တင်ရေး အစီ အစဉ်များ ဆောင်ရွက်၍ အစားထိုးခန့်ထားနိုင်ပါသည်။
ကျွမ်းကျင်မှု မလိုသော လုပ်ငန်းများတွင် နိုင်ငံသားများကိုသာ ခန့် ထားရမည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တစ်ဆင့် အဆိုပြုချက် တင်ရပါမည်။ အဆိုပြုချက် ပုံစံများကို www.dica.gov.mm မှာ ရယူနိုင်ပါသည်။
သက်ဆိုင်ရာ သတင်းအချက်အလက်များအား ဝန်ကြီးဌာနတွင် ရရှိနိုင်ပါသည်။ တင်ဒါခေါ်ယူမှု အား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ Website တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။
ဆောင်ရွက်နိုင်ပါသည်။ ပြည်ထောင်စု ရှေ့နေချုပ်ရုံး သဘောထား မှတ်ချက်နှင့်အညီ ပြင်ဆင် ထားသော လျှပ်စစ်ဓာတ်အား ဝယ်ယူရေး စာချုပ်(မူကြမ်း)နှင့်အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တစ်ဆင့် အဆိုပြုချက် တင်ပြရပါမည်။
ရင်းနှီးမြှုပ်နှံသူက လျှောက်ထားလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဉပဒေ ပုဒ်မ (၇၅) ၊(၇၇) နှင့် (၇၈) တို့အရ အခွန်ကင်းလွတ်ခွင့်၊သက်သာခွင့် ခံစားနိုင်ပါသည်။
အကြီးစားသတ္တုတူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်းကိုသာရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဖြင့် ဆောင်ရွက်နိုင်ပြီး၊ ဓာတ်သတ္တုအသေးစားနှင့် အလတ်စားထုတ်လုပ်ခြင်းကိုနိုင်ငံသားများသာဆောင်ရွက်ခွင့်ရှိပါတယ်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှတစ်ဆင့် အဆိုပြုလွှာ တင်ပြရပါမည်။ အဆိုပြုလွှာတွင် ပါဝင်ရမည့်အသေးစိတ်အချက်များကိုwww.dica.gov.mmတွင် ရယူနိုင်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တစ်ဆင့် တင်ပြရန် မလိုပါ။
သတ္တုသန့်စင်ခြင်းလုပ်ငန်းအားနိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူကဆောင်ရွက်နိုင်ပါတယ်။
နိုင်ငံခြားသားများဆောင်ရွက်ခွင့် မရှိပါ။
သတ္တုတူးဖော်ခြင်းလုပ်ငန်းသည် ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် မပါဝင်သဖြင့် ဝင်ငွေခွန် ကင်းလွတ်ခွင့်မရရှိနိုင်ပါ။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ၃၆ အရအဆိုပြုချက်ဖြင့် လျှောက်ထားရန် လိုအပ်ပါတယ်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှတစ်ဆင့် အဆိုပြုလွှာ တင်ပြ ရ ပါမယ်။ အဆိုပြုလွှာမှ ပါဝင်ရမဲ့ အသေးစိတ်အချက်များကိုwww.dica.gov.mmမှာယူပါ။
ပုလဲမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းသည် ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ပါဝင် သဖြင့် ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိနိုင်ပါတယ်။
ဆောင်ရွက်နိုင်ပါသည်။ ပညာရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်တောင်းခံရန် လိုအပ်မည်ဖြစ်ပါသည်။
ဆောင်ရွက်နိုင်ပါသည်။
ဆောင်ရွက်နိုင်ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သဘော ထားကို လိုက်နာဆောင်ရွက်ဖို့လိုပါမည်။
ကြမ်းခမ်းဧရိယာ (၁၀,၀၀၀ စတုရန်းပေ) သို့မဟုတ် (၉၂၉ စတုရန်းမီတာ) အောက် လုပ်ငန်းများအား ဆောင်ရွက်ခွင့်မရှိပါ။
ဆောင်ရွက်နိုင်ပါသည်။
ဆောင်ရွက်နိုင်ပါသည်။
ဆောင်ရွက်နိုင်ပါသည်။
ဆောင်ရွက်နိုင်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်နှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါသည်။
ဆောင်ရွက်နိုင်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။
ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်နိုင်ပါသည်။
မရှိပါ။
ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်နိုင်ပါသည်။
ဆောင်ရွက်နိုင်ပါသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ သဘောထား မှတ်ချက်နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ကုန်ထုတ်လုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်း တစ်ခုခုသည် စီးပွားဖြစ် စတင်သောနှစ် အပါအဝင် တစ်ဆက်တည်း ငါးနှစ်အတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။
– လုပ်ငန်းမှရရှိသည့် အမြတ်ငွေကို ပြန်လည် ရင်းနှီး မြှုပ်နှံရန်အတွက် သီးသန့် ရန်ပုံငွေထား၍ တစ်နှစ် အတွင်း ယင်းလုပ်ငန်း၌ ပြန်လည် ရင်းနှီးမြှုပ်နှံ လျှင် ထိုအမြတ်ငွေ အပေါ်တွင် ဝင်ငွေခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ရရှိမည်ဖြစ်သည်။
– ဝင်ငွေခွန် စည်းကြပ်ရန်ကိစ္စ အတွက် စက်ပစ္စည်း၊ စက်ကိရိယာ၊ အဆောက်အအုံ သို့မဟုတ် လုပ်ငန်းသုံး အခြားမတည် ပစ္စည်းများ အပေါ်တွင် နိုင်ငံတော်က သတ်မှတ်ထားသည့် ပစ္စည်းတန်ဖိုး လျော့တွက်နှုန်းများ အတိုင်း တွက်ချက်ပြီး ပစ္စည်း တန်ဖိုး လျော့တွက်ငွေကို အမြတ်ငွေထဲမှ နုတ်ပယ်ခွင့်ပြုနိုင်သည်။
– ကုန်ထုတ် လုပ်ငန်း တစ်ခုခုက ထုတ်လုပ်သည့် ပစ္စည်းကို ပြည်ပသို့ တင်ပို့ ရောင်းချ၍ ရရှိသော အမြတ်ငွေအပေါ်တွင် ၅၀ ရာခိုင်နှုန်းအထိ ဝင်ငွေခွန် သက်သာခွင့်ပြုနိုင်သည်။
– မြန်မာနိုင်ငံအတွင်း အမှန်တကယ်လိုအပ်၍ ဆောင်ရွက်သည့် လုပ်ငန်းဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ်ကို အခွန် စည်းကြပ် ထိုက်သော ဝင်ငွေမှ နုတ်ပယ်ခွင့်ပြုနိုင်သည်။
– ဝင်ငွေခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ခံစားပြီး တစ်ဆက်တည်း နှစ် နှစ်အတွင်း အမှန်တကယ် ပေါ်ပေါက်သည့် အရှုံးငွေကို ယင်းသို့ အရှုံးပေါ်ပေါက်သည့် နှစ်မှစ၍ တစ်ဆက်တည်း သုံးနှစ်ကာလ အထိ သယ်ယူခုနှိမ်ခွင့်နိုင်သည်။
– လုပ်ငန်း တည်ဆောက်မှု ကာလအတွင်း အမှန် တကယ် အသုံးပြုရန် လိုအပ်၍ တင်သွင်းသော စက်ပစ္စည်းများ၊ စက်ကိရိယာများ၊ အသုံး အဆောင် တန်ဆာပလာများ၊ စက်ကိရိယာ အစိတ် အပိုင်းများ၊ စက်အရန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ အပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြားပြည်တွင်း အခွန်အကောက်များ ဖြစ်စေ၊ နှစ်မျိုးလုံးကို ဖြစ်စေ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊
– လုပ်ငန်း တည်ဆောက်မှု ပြီးစီး၍ ပထမ သုံးနှစ် အတွက် ကုန်ထုတ်လုပ်ရန် တင်သွင်းသည့် ကုန်ကြမ်းများ အပေါ်တွင် အကောက်ခွန်ဖြစ်စေ၊ အခြား ပြည်တွင်း အခွန်အကောက် များဖြစ်စေ၊ နှစ်မျိုးလုံးကို ဖြစ်စေ၊ ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်၊
– ပြည်ပသို့ တင်ပို့ရန် ထုတ်လုပ်သည့် ပစ္စည်းများ အပေါ် ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့် သို့မ ဟုတ် သက်သာခွင့်ပြုနိုင်သည်။
– နိုင်ငံခြားသားများ၏ ဝင်ငွေအပေါ်တွင် ပြည်တွင်းနေ နိုင်ငံသားများ ပေးဆောင်သည့် ဝင်ငွေခွန် နှုန်း ထားများအတိုင်း ဝင်ငွေခွန် ပေးဆောင်ခွင့်၊
(က) အဆိုပြုချက်ပါ ဝန်ထမ်းအင်အားစာရင်းတိုးမြှင့်ခွင့်တင်ပြလွှာ (Online Form)
(ခ) ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်(မူရင်း)
(ဂ) ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်လာရောက်ခြင်း မဟုတ်ပါက)
(ဃ) အဆိုပြုချက်ပါတိုးမြှင့်မည့် အရေအတွက်နှင့် လက်ရှိခန့်ထားပြီးအခြေအနေ နှိုင်းယှဉ်ဇယား (ပြည်တွင်း/ပြည်ပ)
(င) နောက်ဆုံးတင်ပြထားသည့်သုံးလပတ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ(ပုံစံ-၁၀)
(စ) လုပ်ငန်းတိုးချဲ့ထားခြင်းရှိ မရှိ
(ဆ) ယခင်ဝန်ထမ်းတိုးမြှင့်ထားခြင်းရှိ မရှိ
(ဇ) မတည်ငွေရင်းတိုးမြှင့်ထားခြင်းရှိ မရှိ
(က) နိုင်ငံခြားကျွမ်းကျင်သူအလုပ်ခန့်ထားခွင့်တင်ပြလွှာ (Online Form) ၊
(ခ) ပုံစံ(၁၂-က) (နိုင်ငံခြားသားကျွမ်းကျင်သူများအတွက် အလုပ်လုပ်ခွင့်လျှောက်လွှာ)၊
(ဂ) ငွေသွင်းအကြောင်းကြားလွှာ(နိုင်ငံခြားသားတစ်ဦးလျှင် ဝန်ဆောင်ခ ကျပ် ၅၀၀၀ ပေးသွင်းရန်)၊
(ဃ) နိုင်ငံကူးလက်မှတ်မိတ္တူ၊
(င) ခန့်ထားခွင့်တင်ပြသည့် နိုင်ငံခြားသားဝန်ထမ်း၏ ကျွမ်းကျင်မှုအထောက်အထား ဒီပလိုမာ (သို့မဟုတ်) ဘွဲ့လက်မှတ်၊
(စ) ကိုယ်ရေးအကျဉ်း (ပညာအရည်အချင်း၊ လုပ်ငန်းကျွမ်းကျင်မှု၊ လက်ရှိ နေရပ်လိပ်စာ(ပြည်တွင်း)၊ အမြဲတမ်းနေရပ်လိပ်စာ(ပြည်ပ)၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်စသည့် အချက်အလက်များ အပြည့်အစုံဖော်ပြသည့် CV Form)
(ဆ) ကော်မရှင်ကခွင့်ပြုထားသည့်အဆိုပြုချက်ပါ ပြည်တွင်း/ပြည်ပ ဝန်ထမ်းအင်အားစာရင်း မိတ္တူ၊
(ဇ) လက်ရှိခန့်ထားပြီး ပြည်တွင်း/ ပြည်ပဝန်ထမ်းအင်အား (ပြည်တွင်းဝန်ထမ်းများအား စီမံခန့်ခွဲမှု အဆင့်၊ ကျွမ်းကျင်အဆင့်၊ သာမန်အဆင့် စသည်ဖြင့် ရာထူးနှင့် အရေအတွက် ဖော်ပြရန်နှင့် ပြည်ပဝန်ထမ်းအမည်၊ Passport No.၊ ရာထူး၊ နိုင်ငံသားဖော်ပြ၍ ကော်မရှင်မှ ခန့်ထားခွင့် ပြုခဲ့သည့် အထောက်အထားများ ပူးတွဲတင်ပြရန်) ၊
(ဈ) အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်(EC စာချုပ်)
(ည) ကုမ္ပဏီ၏ အနီးစပ်ဆုံး ဘဏ္ဍာနှစ်အတွက် အခွန်ကင်းရှင်းကြောင်း အထောက်အထား၊ စာရင်း စစ်အစီရင်ခံစာ၊ ကြိုတင်ဝင်ငွေခွန် ထမ်းဆောင်ထားသည့် အထောက်အထား၊
(ဋ) အလုပ်လုပ်ခွင့် လျှောက်ထားသူ နိုင်ငံခြားသားအနေဖြင့် အမည်မည်းကင်းရှင်းကြောင်း၊ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်မှုမရှိကြောင်း၊ ပြစ်မှုကင်းရှင်းပြီး မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများကို လေးစားလိုက်နာမည်ဖြစ်ကြောင်း စသည့်အချက်များ ပါဝင်သည့် ကုမ္ပဏီ ဒါရိုက်တာ၏ ကတိဝန်ခံချက်နှင့် ကုမ္ပဏီများအနေဖြင့် ကာယကံရှင်နိုင်ငံခြားသား၏ ဝန်ခံကတိကိုလည်း ရယူဆောင်ရွက်ရန်
(ဌ) ကိုယ်စားလှယ်လွှဲစာ (အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ လက်မှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်) (Investor ကိုယ်တိုင်မလာရောက်နိုင်ပါက)၊
(ဍ) ခန့်ထားခွင့်တင်ပြရာတွင် မြန်မာနိုင်ငံသို့ရောက်ရှိပြီး ရက်ပေါင်း ၃၀ ရက်အတွင်း ကော်မရှင်သို့ အလုပ်ခန့်ထားခွင့်တင်ပြရန်၊
(ဎ) နောက်ဆုံးတင်ပြခဲ့သည့် သုံးလပတ်အစီရင်ခံစာမိတ္တူ(ပုံစံ-၁၀)
၆ လ ဖြစ်ပါတယ်။
စက်ပစ္စည်း၊ စက်ကိရိယာနှင့် လုပ်ငန်းသုံးပစ္စည်းများကို ပြည်ပကနေ အခွန်အကောက် ကင်းလွတ်ခွင့်ဖြင့် တင်သွင်းချင်တယ်ဆိုရင်တော့ ယင်းပစ္စည်းတွေက မူလအဆိုပြုချက်မှာ ပါရှိ ရမှာဖြစ်ပါတယ်။ ဒါ့အပြင်ကော်မရှင်ရုံးကို လျှောက်တဲ့အခါမှာ အောက်ပါအချက်တွေလိုပါတယ်-
(က) ကုမ္ပဏီ၏ Letter Head ဖြင့် ပြည့်စုံစွာဖော်ပြရေးသားထားသောပစ္စည်းလျှောက်လွှာ
(ခ) ပုံစံ (၆) (မတည်ငွေရင်းအလိုက် ဝန်ဆောင်ခပေးသွင်းရန်)
(ဂ) ပြည်ပမှ တင်သွင်းမည့်ပစ္စည်းစာရင်း
(ဃ) ကိုယ်စားလှယ်လွှဲစာ (အမည်၊ မှတ်ပုံတင်နံပါတ်၊ လက်မှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်) (Investor ကိုယ်တိုင်မလာရောက်နိုင်ပါက)
(င) နောက်ဆုံးတင်ပြခဲ့သည့်၃လပတ်အစီရင်ခံစာမိတ္တူ(ပုံစံ-၁၀)(မတင်ပြရသေးပါက)
(က) ကုမ္ပဏီ၏ Letter Head ဖြင့် ပြည့်စုံစွာဖော်ပြရေးသားထားသောပစ္စည်း လျှောက်လွှာ
(ခ) Proforma Invoice
(ဂ) Sale Contract
(ဃ) ကော်မရှင်ခွင့်ပြုစာ
(င) သက်ဆိုင်ရာဝန်ကြီးဌာနထောက်ခံချက် (လိုအပ်ပါက)
(စ) တင်သွင်း/လက်ကျန်စာရင်း
(ဆ) ကိုယ်စားလှယ်လွှဲစာ (အမည်၊ မှတ်ပုံတင်နံပါတ်၊ လက်မှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်) (Investor ကိုယ်တိုင်မလာရောက်နိုင်ပါက)
(ဇ) နောက်ဆုံးတင်ပြခဲ့သည့်၃လပတ်အစီရင်ခံစာမိတ္တူ(ပုံစံ-၁၀) (မတင်ပြရသေးပါက)
ယင်းပစ္စည်းတွေက မူလအဆိုပြုချက်မှာ ပါရှိ ရမှာဖြစ်ပါတယ်။ ဒါ့အပြင်ကော်မရှင်ရုံးကို လျှောက်တဲ့အခါမှာ အောက်ပါအချက်တွေလိုပါတယ်-
(က) ကုမ္ပဏီ၏ Letter Head ဖြင့် ပြည့်စုံစွာဖော်ပြရေးသားထားသောပစ္စည်း လျှောက်လွှာ
(ခ) ပုံစံ (၆) (မတည်ငွေရင်းအလိုက် ဝန်ဆောင်ခပေးသွင်းရန်)
(ဂ) Proforma Invoice
(ဃ) Sale Contract
(င) မူလအဆိုပြုချက်ပါ ကုန်ကြမ်းစာရင်း
(စ) တစ်နှစ်စာကုန်ကြမ်း၏ နှစ်လစာတွက်ချက်မှုူ
(ဆ) ကိုယ်စားလှယ်လွှဲစာ (အမည်၊ မှတ်ပုံတင်နံပါတ်၊ လက်မှတ်၊ ဆက်သွယ် ရမည့် ဖုန်းနံပါတ်) (Investor ကိုယ်တိုင်မလာရောက်နိုင်ပါက)
(ဇ) နောက်ဆုံးတင်ပြခဲ့သည့်၃လပတ်အစီရင်ခံစာမိတ္တူ(ပုံစံ-၁၀) (မတင်ပြရ သေးပါက)
ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ဖို့အတွက်ဆိုရင်ကော်မရှင်သို့ အောက်ပါအချက်များဖြင့် တိုးမြှင့်ခွင့် တင်ပြလျောက်ထားရန် လိုအပ်ပါတယ်-
(က) လျှောက်ထားသည့်စာ (ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရခြင်းအကြောင်း၊ မူလရင်းနှီးမြှုပ်နှံမှု ပမာဏ၊ တိုးမြှင့်လိုသည့်ပမာဏနှင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ)
(ခ) ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
(ဂ) ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရာတွင် စက်ပစ္စည်းကိရိယာများ တင်သွင်းလိုပါက တင်သွင်းမည့် စက်ပစ္စည်းကိရိယာစာရင်းကို ပူးတွဲတင်ပြရမည်။ (ရင်းနှီးမြှုပ်နှံမှု လျော့ချရန် တင်ပြ လိုပါက မူလနှင့် တင်သွင်းပြီး၊ ကျန်ရှိသည့် စက်ပစ္စည်းစာရင်းကို တင်ပြရန်)
(ဃ) ရင်းနှီးမြှုပ်နှံမှုပုံစံ (ပြင်ဆင်ချက်)
(င) ထည့်ဝင်ပြီးရင်းနှီးမြှုပ်နှံမှုပုံစံ (ဇယားဖြင့်)
(စ) ချေးငွေသဘောတူညီချက်စာချုပ် မူကြမ်း (ရင်းနှီးမြှုပ်နှံမှုကို ချေးငွေနှင့် တိုးမြှင့်လို လျှင်)
(ဆ) ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
(ဇ) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ – ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
လုပ်ငန်းတည်နေရာ တိုးချဲ့ဆောင်ရွက်ခွင့် တင်ပြရာတွင် ကော်မရှင်သို့ အောက်ပါ အချက်များ တင်ပြရန် လိုအပ်ပါတယ်-
(က) လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
(ခ) ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
(ဂ) မြေပုံ (မူလနှင့် တိုးချဲ့တည်နေရာ ဆက်စပ်မှုရှိပါက)
(ဃ) မူလမြေငှားစာချုပ် (လက်မှတ်ရေးထိုးပြီး မြေငှားသက်တမ်းရှိပါက ရပ်ဆိုင်းစာချုပ် တင်ပြရန်)
(င) တိုးချဲ့မည့်နေရာအတွက် မြေငှားစာချုပ် (မူကြမ်း)
(စ) တိုးချဲ့မည့်နေရာအတွက် မြေဂရန်
(ဆ) ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
(ဇ) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ – ပုံစံ (၁၀) (တင်ပြရခြင်းမရှိ သေးပါက)
လုပ်ငန်းကနေရရှိတဲ့အမြတ်ငွေတွေကို သီးသန့်ရန်ပုံငွေထားပြီး အဲဒီလုပ်ငန်းမှာပဲ တစ်နှစ်အတွင်း ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။ အဲဒီအတွက် လိုအပ်တာတွေကတော့-
(က) လျှောက်ထားသည့်စာ (အမြတ်ငွေရရှိသည့်ဘဏ္ဍာနှစ်နှင့် ပြန်လည်ရင်းနှီးမြှုပ်နှံ မည့် ဘဏ္ဍာနှစ်ဖော်ပြရန်)
(ခ) ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
(ဂ) ပုံစံ (၆) (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဉပဒေပုဒ်မ ၇၈ အရ ဝင်ငွေခွန်ကင်းလွတ်ခွင့် လျှောက်ထားလိုပါက)
(ဃ) စာရင်းစစ်အစီရင်ခံစာ
(င) အခွန်ကင်းရှင်းကြောင်းထောက်ခံချက်
(စ) ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
(ဆ) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ – ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေး ပါက)
အစုရှယ်ယာလွှဲပြောင်းခွင့် တင်ပြရာတွင် ကော်မရှင်သို့ အောက်ပါအချက်များတင်ပြရန် လိုအပ်ပါတယ်-
(က) လျှောက်ထားသည့်စာ(အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
(ခ) ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
(ဂ) ကုမ္ပဏီအချက်အလက်အကျဉ်းချုပ်
(ဃ) ပုံစံ (၈) (လိုအပ်သည့်အထောက်အထားများပူးတွဲရန်)
(င) အစုရှယ်ယာလွှဲပြောင်းစာချုပ် (မူကြမ်း)
(စ) အခွန်ကင်းရှင်းကြောင်းထောက်ခံချက် (လိုအပ်ပါက အခြေပစ္စည်းလွှဲပြောင်းရောင်း ချခြင်း၊ လဲလှယ်ခြင်းမှရရှိသည့် မြတ်စွန်းငွေအပေါ် ပေးဆောင်ရသည့် အခွန်ကိုပေး ဆောင်မည် ဖြစ်ကြောင်း ကတိခံဝန်ချက်)
(ဆ) ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင် လျှင်)
(ဇ) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ – ပုံစံ (၁၀) (တင်ပြရခြင်း မရှိ သေးပါက)
(ဈ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဉပဒေ ၁၉၁၊ ၁၉၂ နှင့် ၁၉၃ တို့အရ ကတိကဝတ်ပြု ချက်
လုပ်ငန်းကနေရရှိတဲ့အမြတ်ငွေတွေကို ပြည်ပကိုလွှဲနိုင်ဖို့အတွက် လိုအပ်တဲ့အချက်တွေ ကတော့-
(က) လျှောက်ထားသည့်စာ (အသေးစိတ်အကြောင်းအရာဖော်ပြထားသည့်)
(ခ) ဒါရိုက်တာအဖွဲ့ဆုံးဖြတ်ချက် (မူရင်း)
(ဂ) စာရင်းစစ်အစီရင်ခံစာ
(ဃ) ဘဏ်လက်ကျန်စာရင်း
(င) ပုံစံ (၁၃) (ဘဏ္ဍာငွေလွှဲပြောင်းခွင့်ပြုပါရန် လျှောက်ထားလွှာ)
(စ) အခွန်ကင်းရှင်းကြောင်းထောက်ခံချက်
(ဆ) ကိုယ်စားလှယ်လွှဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် ရုံးသို့မလာရောက်နိုင်လျှင်)
(ဇ) နောက်ဆုံးတင်ပြခဲ့သည့်သုံးလပတ်အစီရင်ခံစာမိတ္တူ – ပုံစံ (၁၀) (တင်ပြရခြင်း မရှိသေးပါက)
စီးပွားဖြစ် စတင်ဆောင်ရွက်သည့်နေ့ရက်အား တင်ပြလိုပါက လိုအပ်တဲ့အချက်တွေ ကတော့-
( ထည့်ဝင်ပြီး ငွေကြေးအထောက်အထားများအတွက် Bank Statement ၊ Credit Advice ၊ ပြည်ပမှတင်သွင်းခဲ့သည့် စက်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများအတွက် Import ID ၊ ပြည်တွင်းဝယ် အထောက် အထားများ အတွက်(ဘောင်ချာများ၊ စာချုပ်များ)၊ ပြည်တွင်းဝယ် အထောက် အထား များ တင်ပြနိုင်ခြင်းမရှိပါက ဒါရိုက်တာ ၁ဉီးမှ လက်မှတ် ရေးထိုးထား သည့် ပြည်တွင်းဝယ်စာရင်းချုပ်) ၊ မြေတန်ဖိုး အဖြစ် ထည့်ဝင် ထားပါက မြေစာချုပ်တို့ဖြင့် တင်ပြ ရမည်ဖြစ်ပါသည်။)
တည်ဆောက်ရေးကာလ တိုးမြှင့်မည်ဆိုပါက အောက်ပါအချက်အလက်များ တင်ပြရန် လိုအပ်ပါတယ်-
တည်ဆောက်ရေးကာလ စတင်သည့်နေ့ပြန်လည်သတ်မှတ်ရာတွင် အောက်ပါအချက်အလက်များ တင်ပြရန် လိုအပ်ပါတယ်-
ကုမ္ပဏီအမည်ပြောင်းလဲခွင့်တင်ပြရာတွင် အောက်ပါအချက်များ တင်ပြရန် လိုအပ်ပါတယ်
ရင်းနှီးမြှုပ်နှံသူအမည် ပြောင်းလဲခွင့်တင်ပြရာတွင် အောက်ပါအချက်များ တင်ပြရန် လိုအပ်ပါတယ်
ရင်းနှီးမြှုပ်နှံသည့်ကာလ သက်တမ်းတိုးခွင့်တင်ပြရာတွင် အောက်ပါအချက်များ တင်ပြရန် လိုအပ်ပါတယ်
ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းအမျိုးအစားပြောင်းလဲခြင်း/ပြင်ဆင်ခြင်း တင်ပြရာတွင် အောက်ပါ အချက် များ တင်ပြရန် လိုအပ်ပါတယ်-
(က) ကုမ္ပဏီ၏ Letter Head ဖြင့် ပြည့်စုံစွာ ရေးသားဖော်ပြထားသော ပစ္စည်း လျှောက်လွှာ
(ခ) တင်သွင်း/လက်ကျန်စာရင်း
(ဂ) ယခင်အခွန်အကောက်ပေးဆောင်တင်သွင်းထားမှုစာရင်း
(ဃ) Proforma Invoice
(င) Sale Contract
(စ) တင်သွင်းမည့်ပစ္စည်းဓါတ်ပုံနှင့် အသုံးပြုပုံ
(ဆ) နောက်ဆုံး ၃ လပတ် အစီရင်ခံစာမိတ္တူ (ပုံစံ-၁၀)
(ဈ) ကိုယ်စားလှယ်လွှဲစာ(အမည်၊မှတ်ပုံတင်နံပါတ်၊ လက်မှတ်၊ ဆက်သွယ်ရ မည့် ဖုန်းနံပါတ်) (Investor ကိုယ်တိုင်မလာရောက်နိုင်ပါက)
ကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၂၁) အရ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ အရက်၊ ဘီယာ၊ စီးကရက်ထုတ်လုပ်သည့်လုပ်ငန်းများ၏ တစ်နှစ်စာကုန်ကြမ်းစာရင်းတင်ပြမှုအား ဘဏ္ဍာနှစ်အလိုက်တင်ပြရမည် ဖြစ်ပါ သည်။
(က) ကုမ္ပဏီ၏ Letter Head ဖြင့် ပြည့်စုံစွာ ရေးသားဖော်ပြထားသော ပစ္စည်း လျှောက်လွှာ
(ခ) တစ်နှစ်စာသုံးစွဲမည့်ကုန်ကြမ်းစာရင်း
(ဂ) ကုန်ကြမ်းသုံးစွဲမှု(Norm)
(ဃ) ကုန်ချောစာရင်း
(င) ယခင်ဘဏ္ဍာနှစ်တွင် တင်သွင်းခဲ့မှုစာရင်း
(ဆ) နောက်ဆုံးတင်ပြခဲ့သည့် ၃ လပတ် အစီရင်ခံစာမိတ္တူ (ပုံစံ-၁၀)
(ဇ) ကိုယ်စားလှယ်လွှဲစာ(အမည်၊မှတ်ပုံတင်နံပါတ်၊ လက်မှတ်၊ ဆက်သွယ်ရ မည့် ဖုန်းနံပါတ်) (Investor ကိုယ်တိုင်မလာရောက်နိုင်ပါက)
ကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၂၁) အရ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ အရက်၊ ဘီယာ၊ စီးကရက်ထုတ်လုပ်သည့်လုပ်ငန်းများ၏ တစ်နှစ်စာကုန်ကြမ်းစာရင်းတင်ပြမှုအား ဘဏ္ဍာနှစ်အလိုက်တင်ပြရမည် ဖြစ်ပါ သည်။
(က) ကုမ္ပဏီ၏ Letter Head ဖြင့် ပြည့်စုံစွာ ရေးသားဖော်ပြထားသော ပစ္စည်း လျှောက်လွှာ
(ခ) တစ်နှစ်စာသုံးစွဲမည့်ကုန်ကြမ်းစာရင်း
(ဂ) ကုန်ကြမ်းသုံးစွဲမှု(Norm)
(ဃ) ကုန်ချောစာရင်း
(င) ယခင်ဘဏ္ဍာနှစ်တွင် တင်သွင်းခဲ့မှုစာရင်း
(ဆ) နောက်ဆုံးတင်ပြခဲ့သည့် ၃ လပတ် အစီရင်ခံစာမိတ္တူ (ပုံစံ-၁၀)
(ဇ) ကိုယ်စားလှယ်လွှဲစာ(အမည်၊မှတ်ပုံတင်နံပါတ်၊ လက်မှတ်၊ ဆက်သွယ်ရ မည့် ဖုန်းနံပါတ်) (Investor ကိုယ်တိုင်မလာရောက်နိုင်ပါက)