
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
FACILITATE BUSINESS
PROMOTE INVESTMENT
SUSTAIN THE COUNTRY'S DEVELOPMENTကုမ္ပဏီမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များအား အလွယ်တကူ အဆင့်တစ်ခုချင်းစီအလိုက် ဆောင်ရွက်နိုင်မည့်အဆင့်များအား အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။/wp-content/uploads/2025/09/MyCO-A1-Process.pdf
POSTED ON 19 Sep 2025နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေး အဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးဇေယျာလင်း ဦးဆောင်သော နေပြည်တော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက် ခွင့်ပြုခဲ့သည့် Original Group Co., Ltd. (Mount Pleasant Hotel) (ဟိုတယ်တည်ဆောက် ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်း) သို့ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
POSTED ON 26 Mar 2026ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၆ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။အဆိုပါအစည်းအဝေးတွင် ဝန်ဆောင်မှုဏ္ဍ၌ အတည်ပြုမိန့်လုပ်ငန်း (၂) ခုကို စိစစ်ခွင့်ပြု ခဲ့ကြပြီး အဆိုပါလုပ်ငန်း (၂) ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်း (၁၁,၇၉၆.၂၄၃) နှင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း (၅၇) ခုကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီလက်ထက် ရှမ်းပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၉) ခု၊ အမေရိကန်ဒေါ်လာ (၁၀၀.၈၆၃)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၆) ခု၊ ကျပ် (၁,၆၇၇,၁၅၅.၈၈၃) သန်းကို စိစစ်ခွင့်ပြုနိုင်ခဲ့ခြင်းကို ကော်မတီအစည်းအဝေးတွင် မှတ်တမ်းတင်ရန် ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။
POSTED ON 19 Mar 2026စီးပွားရေးလုပ်ငန်းများနှင့် အစိုးရကြား ကနဦးပေါင်းကူးဆက်သွယ်ခြင်းအနေဖြင့် DICA သည် ပုဂ္ဂလိက လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးမြှင့်တင်ရန်၊ အကျိုးဖြစ်ထွန်းစေသော ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းအား ဖန်တီးပေးခြင်းဖြင့် နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများအား မြှင့်တင်ရန် ရှိပါ သည်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် မြန်မာနိုင်ငံတွင်အကျိုးတူစီးပွားရေးလုပ်ငန်းတစ်ရပ်ကို စတင်ဆောင်ရွက်မှုမပြုခင် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမပြုခင် ယင်းပုဂ္ဂိုလ်သည် မြန်မာနိုင်ငံသားဖြစ်လျှင်သော်လည်းကောင်း၊ နိုင်ငံခြားသားဖြစ်လျှင်သော်လည်းကောင်း မှတ်ပုံတင်ခြင်းသည် ၄င်းပြုလုပ်ရမည့် ပထမဆုံးအဆင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇)အရ ကုမ္ပဏီတစ်ခုသည် အောက်ဖော်ပြပါ ပုံစံတစ်ခုအနေဖြင့် မှတ်ပုံတင်နိုင်ပါသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ခွင့်ပြုချက်ပေးခြင်း၊ အထူးကဏ္ဍဖွံ့ဖြိုးမှုများနှင့် ပတ်သက်သော သဘောထား ထုတ်ပြန်ချက်များအား ပုံမှန်ထုတ်ပြန်ခြင်းများအတွက် တာဝန်ရှိပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် အစိုးရဝန်ကြီးဌာနများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။