
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar
FACILITATE BUSINESS
PROMOTE INVESTMENT
SUSTAIN THE COUNTRY'S DEVELOPMENTကုမ္ပဏီမှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များအား အလွယ်တကူ အဆင့်တစ်ခုချင်းစီအလိုက် ဆောင်ရွက်နိုင်မည့်အဆင့်များအား အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။/wp-content/uploads/2025/09/MyCO-A1-Process.pdf
POSTED ON 19 Sep 2025ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်းနှင့် အနောက်ပိုင်း) မြို့နယ်၊ ထန်းတပင်မြို့နယ်နှင့် မှော်ဘီမြို့နယ်တို့ရှိ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း၊ SKD စနစ်ဖြင့် သုံးဘီးမော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း နှင့် ဂျပ်ဖာများထုတ်လုပ်၍ ၁၀၀% ပြည်တွင်းရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်မည့် ကုမ္ပဏီတို့ ၏ မြေပြင်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား ၂၀၂၆ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
POSTED ON 07 Apr 2026မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က တာဝန်ရှိပုဂ္ဂိုလ် များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် စီးကရက်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီမှတာဝန်ရှိသူများ နှင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
POSTED ON 07 Apr 2026စီးပွားရေးလုပ်ငန်းများနှင့် အစိုးရကြား ကနဦးပေါင်းကူးဆက်သွယ်ခြင်းအနေဖြင့် DICA သည် ပုဂ္ဂလိက လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးမြှင့်တင်ရန်၊ အကျိုးဖြစ်ထွန်းစေသော ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းအား ဖန်တီးပေးခြင်းဖြင့် နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများအား မြှင့်တင်ရန် ရှိပါ သည်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် မြန်မာနိုင်ငံတွင်အကျိုးတူစီးပွားရေးလုပ်ငန်းတစ်ရပ်ကို စတင်ဆောင်ရွက်မှုမပြုခင် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမပြုခင် ယင်းပုဂ္ဂိုလ်သည် မြန်မာနိုင်ငံသားဖြစ်လျှင်သော်လည်းကောင်း၊ နိုင်ငံခြားသားဖြစ်လျှင်သော်လည်းကောင်း မှတ်ပုံတင်ခြင်းသည် ၄င်းပြုလုပ်ရမည့် ပထမဆုံးအဆင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇)အရ ကုမ္ပဏီတစ်ခုသည် အောက်ဖော်ပြပါ ပုံစံတစ်ခုအနေဖြင့် မှတ်ပုံတင်နိုင်ပါသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ခွင့်ပြုချက်ပေးခြင်း၊ အထူးကဏ္ဍဖွံ့ဖြိုးမှုများနှင့် ပတ်သက်သော သဘောထား ထုတ်ပြန်ချက်များအား ပုံမှန်ထုတ်ပြန်ခြင်းများအတွက် တာဝန်ရှိပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် အစိုးရဝန်ကြီးဌာနများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။