Invest in Myanmar
Grow your business in the golden land of opportunity
MyInDy
MyInDy supports contact information easy to find via online
MYCO
Register your business on Myanmar Companies Online (MyCO) now
1
2
3
4
5

Our Mission

Facilitate Business

Promote Investment

Sustain the Country's
Development

မိမိတို့အကြောင်း

စီးပွားရေးလုပ်ငန်းများနှင့် အစိုးရကြား ကနဦးပေါင်းကူးဆက်သွယ်ခြင်းအနေဖြင့် DICA သည် ပုဂ္ဂလိက လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးမြှင့်တင်ရန်၊ အကျိုးဖြစ်ထွန်းစေသော ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းအား ဖန်တီးပေးခြင်းဖြင့် နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများအား မြှင့်တင်ရန် ရှိပါ သည်။

နောက်ဆုံးရသတင်းများ

Myanmar (Directorate of Investment and Company Administration -DICA) is currently in the process of...
Posted on 15 March 2023
နေပြည်တော်ကောင်စီ၊ ဥက္ကဋ္ဌ ဦးသန်းထွန်းဉီး ဦးဆောင်သော   နေပြည်တော် ရင်းနှီးမြှုပ် နှံမှုလုပ်ငန်းများက...
Posted on 22 September 2023
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏  တာဝန်ရှိသူများ ပါဝင်သော ကွင်းဆင်းစစ်...
Posted on 22 September 2023

အခြေခံအချက်အလက်

ကုမ္ပဏီမှတ်ပုံတင်ခြင်း

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် မြန်မာနိုင်ငံတွင်အကျိုးတူစီးပွားရေးလုပ်ငန်းတစ်ရပ်ကို စတင်ဆောင်ရွက်မှုမပြုခင် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမပြုခင် ယင်းပုဂ္ဂိုလ်သည် မြန်မာနိုင်ငံသားဖြစ်လျှင်သော်လည်းကောင်း၊ နိုင်ငံခြားသားဖြစ်လျှင်သော်လည်းကောင်း မှတ်ပုံတင်ခြင်းသည် ၄င်းပြုလုပ်ရမည့် ပထမဆုံးအဆင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇)အရ  ကုမ္ပဏီတစ်ခုသည် အောက်ဖော်ပြပါ ပုံစံတစ်ခုအနေဖြင့် မှတ်ပုံတင်နိုင်ပါသည်။

  • မြန်မာနိုင်ငံသား တစ်ဦးပိုင် (သို့မဟုတ်) အများပိုင် ကုမ္ပဏီတစ်ခုအနေဖြင့်
  • နိုင်ငံခြားသားပိုင် ကုမ္ပဏီ (သို့မဟုတ်) ကုမ္ပဏီ ရုံးခွဲတစ်ခုအနေဖြင့်
  • ဖက်စပ်ကုမ္ပဏီတစ်ခုအနေဖြင့်
  • အသင်းအဖွဲ့တစ်ခု/ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုအနေဖြင့်

ပထမအဆင့်နေဖြင့်

MyCO တွင်အမည်အားစစ်ဆေးပါ။

MyCO ကုမ္ပဏီမှတ်ပုံတင်ခြင်းဖောင်ပုံစံအား ဖြည့်သွင်းပါ။

ဖောင်ပုံစံတင်ခြင်းနှင့် ကုမ္ပဏီမှတ်ပုံတင်ကြေးပေးသွင်းခြင်း။

ဆက်လက်ဖတ်ရှုရန်

MIC ခွင့်ပြုမိန့် လျှောက်ထားခြင်း

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ခွင့်ပြုချက်ပေးခြင်း၊  အထူးကဏ္ဍဖွံ့ဖြိုးမှုများနှင့် ပတ်သက်သော သဘောထား ထုတ်ပြန်ချက်များအား ပုံမှန်ထုတ်ပြန်ခြင်းများအတွက် တာဝန်ရှိပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် အစိုးရဝန်ကြီးဌာနများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။

လုပ်ငန်းစဉ်

ခွင့်ပြုမိန့် ရယူရန်အတွက် လိုအပ်သော သတင်းအချက်အလက်များအား DICA ဝက်ဘ်ဆိုက်အား အသုံးပြု၍ ရယူပါ။

ပထမဦးစွာ-ရင်းနှီးမြှုပ်နှံသူများသည် အဆိုပြုလွှာအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြရမည်ဖြစ်သည်။

အဆိုပြုလွှာသည် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက ၁၅ ရက်အတွင်း လက်ခံမည်ဖြစ်ပါသည်။

အဆိုပြုလွှာလက်ခံခြင်း ခံရပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလွှာအား ပြန်လည်သုံးသပ်ပြီးနောက် ဆုံးဖြတ်ချက်အား ရက်ပေါင်း ၆၀ အတွင်း  သိရှိနိုင်မည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်