ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးဝန်ဆောင်မှုပေးခြင်း

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား Video Conferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေးဝန်ဆောင်မှုပေးခြင်း

Posted on 23 September 2021

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဘိလပ်မြေ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် စက်အုတ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းမှ တာဝန်ရှိသူတို့အား ၂၀၂၁ ခုနှစ် စက်တင်ဘာ လ ၂၂ ရက် နေ့တွင် Video Conferencing စနစ်ဖြင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။