CONSULTATION SESSION ON INCLUSIVE BUSINESS POLICY IN MYANMAR နှင့်စပ်လျဉ်းသည့် VIRTUAL MEETING တစ်ရပ်ကျင်းပခြင်း

Print Friendly, PDF & Email

DaNa Facility ၏ အကူအညီဖြင့် မြန်မာနိုင်ငံတွင် အများပါဝင်အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်သော မူဝါဒ ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ (Consultation Session on Inclusive Business Policy in Myanmar) နှင့်စပ်လျဉ်းသည့် Virtual Meeting တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လည် ၂:၀၀ နာရီမှ ၄:၀၀ နာရီအထိ ကျင်းပခဲ့ပါသည်။

  အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦး၊ အများနှင့်အကျုံးဝင်သောစီးပွားရေး လုပ်ငန်းများနှင့် လူမှုရေး အကျိုးရည်မျှော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ၊ DICA မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုရာ ဌာနများမှ အရာထမ်းများ၊ DaNa Facility မှ ကိုယ်စားလှယ်များ၊ အများနှင့် အကျုံးဝင်သော စီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးအကျိုးရည်မျှော် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးဆောင်ရေး အဖွဲ့၏ ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့် USAID၊ ADB နှင့် JICA မှအဖွဲ့ဝင်များ စုစုပေါင်း ၅၉ ဦး တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ပထမဦးစွာ DaNa Facility မှ Senior Technical Advisor ဖြစ်သူ      Mr. Peter Brimble က နှုတ်ခွန်းဆက်စကားပြောကြားပြီး အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် DaNa Facility နှင့် BOP Inc. တို့မှ မြန်မာနိုင်ငံ၏ Inclusive Business မူဝါဒပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး Inclusive Business တိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။