
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင် (၃)၊ ဦးအောင်သန်းဦး ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီနှင့် Myanmar – China (Jiangsu) Chamber of Commerce and Industry Incorporated တို့ပူးပေါင်းပြီး “ရန်ကုန်တိုင်းဒေသကြီး၏ ဆန်စပါးစိုက်ပျိုးရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆွေးနွေးပွဲ” ကို ၂၀၂၁ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင် (၃)၊ ဦးအောင်သန်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက ရန်ကုန်တိုင်းဒေသကြီး၏ ဆန်စပါးစိုက်ပျိုးရေးကဏ္ဍရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ သိရှိနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများအရ ဆန်စပါးစိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာနိုင်ရန်အတွက် “ရန်ကုန်တိုင်းဒေသကြီး၏ ဆန်စပါးစိုက်ပျိုးရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအခြေအနေ” အားရှင်းလင်းဆွေးနွေးခဲ့ပြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးသိန်းက “ရန်ကုန်တိုင်းဒေသကြီး၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ” အား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာကြသော Myanmar – China (Jiangsu) Chamber of Commerce and Industry Incorporated ၏ လုပ်ငန်းရှင်များကလည်း သိရှိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။
နေ့လယ်ပိုင်းတွင် မှော်ဘီမြို့နယ်ရှိ ဆန်စပါးသုတေသန ဗဟိုခြံနှင့် လှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာရှိ မျိုးစေ့ထုတ်စိုက်ခင်းပြုလုပ်မည့် ပျိုးခင်းများအား ကွင်းဆင်းလေ့လာခြင်းများဆောင်ရွက်ခဲ့ပါသည်။
ဆွေးနွေးပွဲသို့ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် Myanmar – China (Jiangsu) Chamber of Commerce and Industry Incorporated ၏ လုပ်ငန်းရှင်များ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပါသည်။
