မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု

အကျဉ်းချုပ်

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံခြင်းအား တန်းတူညီမျှစွာ မြှင့်တင်ရန် ဆန္ဒရှိပါသည်။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ဥပဒေ ၂၀၁၂ အား ပြဌာန်းပြီးနောက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ၂၀၁၃ အား ပြဌာန်းခဲ့ပါသည်။ ၄င်း၏ ရည်ရွယ်ချက်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သော ဥပဒေစည်းမျဉ်းဘောင်များနှင့် အကျိုးခံစားခွင့်များအား ပံ့ပိုးပေးခြင်းအားဖြင့် နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများအတွက် တန်းတူလုပ်ကိုင်နိုင်သော နယ်မြေတစ်ခု တည်ဆောက်ရန်ဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမှု ပုံစံများ

၁ဝဝ% ရင်းနှီးမြှုပ်နှံမှု ဖက်စပ်လုပ်ငန်း ပဋိညာဉ်စာချုပ်ပါ စနစ်တစ်ခုဖြင့် ဆောင်ရွက်ခြင်း အခြားရင်းနှီးမြှုပ်နှံမှု ပုံစံများ
ရင်းနှီးမြှုပ်နှံသူများနှင့် ကုမပဏီများသည် နိုင်ငံခြားသား သို့မဟုတ် မြန်မာနိုင်ငံသား စီးပွားဖက်မပါဘဲ စီးပွားရေး လုပ်ကိုင်နိုင်သည်။ ဖက်စပ်လုပ်ငန်းများကို နိုင်ငံခြားသား၊ မြန်မာနိုင်ငံသားနှင့် အစိုးရဌာနအဖွဲ့အစည်းများနှင့် ဖွဲ့စည်းလုပ်ကိုင်နိုင်သည်။ မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံသူများသည် နှစ်ဦးနှစ်ဖက်သဘော တူညီထားသော ပဋိညာဉ် စာချုပ်ပါ စည်းမျဉ်းများအတိုင်း ရင်းနှီးလုပ်ကိုင်နိုင်သည်။

ယခုပုံစံများတွင်ဘီအိုတီ (လုပ်ငန်းတည်ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ် ဆောင်ရွက်ခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်း)၊ ဘီအိုအို (လုပ်ငန်းတည်ဆောက်ခြင်း၊ လုပ်ငန်းလည်ပတ် ဆောင်ရွက်ခြင်းနှင့်  လုပ်ငန်းပိုင်ဆိုင်း) နှင့် ဘီီတီအို (လုပ်ငန်းတည်ဆောက်ခြင်း၊ တည်ဆောက်ပြီးချိန်တွင် သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်
ခြင်းနှင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ (၅) အရ ကန့်သတ်ထားသည့် (သို့မဟုတ်) တားမြစ်ထားသည့် လုပ်ငန်းများမှအပ အထက်ဖော်ပြပါ ရင်းနှီးမြှုပ်နှံမှု ပုံစံများသည် စီးပွားရေးကဏ္ဍအားလုံးအတွက် အကျုံးဝင်သော ပုံစံများဖြစ်သည်။ နိုင်ငံတော် အစိုးရက မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အရေးနှင့် တာဝန်များကို အောက်ပါအတိုင်း သတ်မှတ်ထားသည်။

•    လုံးဝ နိုင်ငံပိုင် ပြုလုပ်ခြင်းမပြု
•    အကြောင်းတစ်စုံတစ်ရာမရှိဘဲ လုပ်ငန်းကို ရပ်ဆိုင်းခြင်းမပြု
•    နိုင်ငံခြားချေးငွေများကို သဘောတူ သတ်မှတ်ထားသည့်အတိုင်း ပြန်လည်ပေးဆပ်ခွင့်ရှိသည်။

သို့သော်လည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေအတိုင်း ကုမ္ပဏီဖွဲ့စည်းပြီး လုပ်ငန်း လုပ်ဆောင်ရန် တာဝန်အပါအဝင် ရင်းနှီးမြှုပ်နှံသူများအတွက် လိုက်နာရန် တာဝန်များထည့်သွင်း ပြဌာန်းထားသည်။ အခြားပြဌာန်းချက်များမှာ မြေအသုံးပြုခြင်း၊ ငှားရမ်းခြင်း၊ အပေါင်ထားခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ အခြေပစ္စည်းများ (Assets) ရောင်းချခြင်း၊ လွှဲပြောင်းခြင်းနှင့် အခြား လုပ်ငန်းစဉ်ဆိုင်ရာ သတ်မှတ်ချက်တို့ပါဝင်သည်။

အခွင့်အရေးနှင့် တာဝန် အသေးစိတ်စာရင်း

တည်ဆဲဥပဒေများအရ (အထူးသဖြင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဉပဒေ ပုဒ်မ (၁၅) အရ  မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အရေးများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • နိုင်ငံခြားမှ ကျွမ်းကျင်ပညာရှင်များကို ခန့်ထားပိုင်ခွင့်ရှိခြင်း၊

  • စီးပွားရေးလုပ်ငန်းကို ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှု အကူအညီနှင့် နည်းပညာများကို သက်ဆိုင်ရာ အစိုးရဌာနနှင့် အစိုးရအဖွဲ့အစည်းများထံမှ ဥပဒေနှင့်အညီ ရယူသုံးစွဲခွင့်ရှိခြင်း၊

  • မြေနှင့် အဆောက်အအုံတို့အား တစ်ဆင့်ငှားရမ်းခြင်း၊ ပေါင်နှံခြင်း မပြုလုပ်ဘဲ အခြား သယံဇာတနှင့် အရင်းအနှီးများကိုမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ယူဆောင်အသုံးပြုနိုင်ခြင်း၊

  • မိမိ၏ အစုရှယ်ယာ အချို့ကိုသော်လည်းကောင်း၊ အားလုံးကိုသော်လည်းကောင်း၊ နိုင်ငံခြားသား တစ်ဦးဦး သို့မဟုတ် နိုင်ငံခြားကုမ္ပဏီတစ်ခုခုသို့ လွှဲပြောင်းရောင်းချမည်ဆိုပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီဆောင်ရွက်ခွင့်ရှိခြင်း၊

  • နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသား ကုမ္ပဏီတစ်ခုခုနှင့် ဖက်စပ်လုပ်ငန်း တည်ထောင်လုပ်ကိုင်လိုပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီလုပ်ကိုင်ဆောင်ရွက်ခွင့်ရှိခြင်း၊

  • နိုင်ငံတော်နှင့်စာချုပ်ချုပ်ဆိုရမည့် လုပ်ငန်းများတွင် လုပ်ငန်းသဘောသဘာဝအရ ဘီအိုတီ၊ ဘီတီအို၊ ဘီအိုအိုစနစ် အပါအဝင် အခြားအလားတူ စနစ်တစ်ရပ်ရပ်ဖြင့် အဆိုပြုခွင့်ရှိခြင်း၊

  • မူလအဆိုပြုချက်ပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို တိုးချဲ့ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ ခွင့်ပြုချက် လျှောက်ထားခြင်း
    •    ရထိုက်ခွင့်ရှိသော အခွင့်အရေးများကို ရရှိနိုင်ရန်အလို့ငှာ ကော်မရှင်၏ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို ပြန်လည်သုံးသပ် ပြင်ဆင်ပေးရန် ကော်မရှင်သို့ တင်ပြခွင့်ရှိခြင်း၊

  • တည်ဆဲဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ရရှိရေးအတွက်လည်းကောင်း၊ နစ်နာချက်များနှင့် စပ်လျဉ်း၍ အရေးယူပေးရေး အတွက်လည်းကောင်း ကော်မရှင်နှင့် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများသို့ တင်ပြခွင့်ရှိခြင်း၊

  • ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် နည်းပညာသစ်များ တီထွင်ခြင်း၊ ထုတ်ကုန်အရည်အသွေး တိုးမြှင့်ခြင်း၊ ကုန််ထုတ်စွမ်းအား မြှင့်တင်ခြင်းနှင့် ပတ်ဝန်းကျင် ညစ်ညမ်း လျှော့ချခြင်းများအတွက် အကျိုးခံစားခွင့်များ ပိုမိုရရှိစေရန် ကော်မရှင်သို့ တင်ပြလျှောက်ထားခွင့်ရှိခြင်း၊

  • ဖွံ့ဖြိုးမှုနည်းပါးပြီး ဝေးလံခေါင်သီသောဒေသများတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစေသော ရင်းနှီးမြှုပ်နှံမှုအား အထူးအခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်တို့ကို ခံစားခွင့်ရှိစေခြင်း၊

  • MIC ၏အသိအမှတ်ပြုလွှာဖြင့် ပြည်တွင်း၊ ပြည်ပ ဘဏ်ချေးငွေများ ရယူနိုင်ရန် အလို့ငှာ လျှောက်ထားခွင့်ရှိခြင်း။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများ၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေပြဌာန်းချက်၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွန်ကြားချက်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ထုတ်ပေးထားသော ခွင့်ပြုမိန့်တို့ပါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊

  • မိမိငှားရမ်းခွင့်ရှိသော သို့မဟုတ် အသုံးပြုခွင့်ရှိသော မြေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကသတ်မှတ်ထားသော စည်းကမ်းချက်များ၊ စာချုပ်ပါစည်းကမ်းချက်များနှင့် အညီ အသုံးပြုခြင်း၊

  • မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကထုတ်ပေးသော ခွင့်ပြုမိန့်ကို ရရှိပါက သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ ဖွဲ့အစည်း သို့မဟုတ်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် လိုအပ်သော ပဋိညာဉ်စာချုပ် ချုပ်ဆို၍ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တည်ထောင်ခြင်း၊

  • ခွင့်ပြုမိန့်ဖြင့် လုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသော မြေနှင့် အဆောက်အအုံများကို လုပ်ငန်းသက်တမ်း ကာလအတွင်း ထိုရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအတွက် အခြားပုဂ္ဂိုလ် တစ်ဦးဦးအား တစ်ဆင့်ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ အစုရှယ်ယာ လွှဲပြောင်းခြင်းနှင့် လုပ်ငန်း လွှဲပြောင်းခြင်း တို့ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်း၊

  • မိမိငှားရမ်းခွင့်  သို့မဟုတ် အသုံးပြုခွင့်ရရှိသော မြေ၏ မြေပေါ်မြေအောက်၌ ခွင့်ပြုသည့်လုပ်ငန်းနှင့် မသက် ဆိုင်ဘဲ မူလစာချုပ်တွင်မပါဝင်သော သဘာဝသယံဇာတ တွင်းထွက်ပစ္စည်းကို ဖြစ်စေ၊ ရှေးဟောင်းဝတ္ထုပစ္စည်း၊ ရတနာသိုက်ကိုဖြစ်စေ တွေ့ရှိလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ချက်ချင်း အကြောင်းကြားခြင်း၊ ကော်မရှင်က ခွင့်ပြုလျှင် ယင်းမြေပေါ်၌ ဆက်လက်လုပ်ကိုင်နိုင်ခြင်း၊ ဆက်လက်လုပ်ကိုင်ခွင့် မရရှိလျှင် ရင်းနှီးမြှုပ်နှံသူက ရွေးချယ်တင်ပြသည့် နေရာတစ်ခုအား အစားထိုးခွင့်ပြုချက်ရယူ၍ ပြောင်းရွှေ့ ဆောင်ရွက်ခြင်း၊

  • ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျှဉ်း၍ တည်ဆဲဥပဒေများနှင့်အညီ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ပျက်စီးမှု မဖြစ်စေ ရန်ဆောင်ရွက်ခြင်း၊

  • ရင်းနှီးမြှုပ်နှံသူသည် နိုင်ငံတော်အတွင်း အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့် အာမခံ လုပ်ငန်းတစ်ခုခုတွင် သတ်မှတ်သော အာမခံအမျိုးအစားများကို ထားရှိခြင်း၊

Show Sidebar Menu: 

1