"ထူးအပြည်ပြည်ဆိုင်ရာ စက်မှုလုပ်ငန်းစုကုမ္ပဏီလီမိတက်"သို့ လုပ်ငန်းစစ်ဆေးခြင်း

"ထူးအပြည်ပြည်ဆိုင်ရာ စက်မှုလုပ်ငန်းစုကုမ္ပဏီလီမိတက်"သို့ လုပ်ငန်းစစ်ဆေးခြင်း

Posted on 02 September 2019

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် သတ္တုတွင်း ဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်  ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် သံသတ္တုရိုင်း တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဝိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်ရှိ ထူးအပြည်ပြည်ဆိုင်ရာ စက်မှုလုပ်ငန်းစု ကုမ္ပဏီလီမိတက်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့၌ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးဝန်း၊ မြစ်ကြီးနားမြို့တွင် တွေ့ဆုံ၍ ခွင့်ပြုမိန့် ရရှိပြီးနောက်ပိုင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် အခက်အခဲများကို ဆွေးနွေးမေးမြန်းခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။