မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရသတ်မှတ်ဖော်ပြထားသည့်အခကြေးငွေများ ပြင်ဆင်သတ်မှတ်ခြင်း

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရသတ်မှတ်ဖော်ပြထားသည့်အခကြေးငွေများ ပြင်ဆင်သတ်မှတ်ခြင်း

Posted on 20 September 2019

       ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၉  ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၇/၂၀၁၈) ဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရ သတ်မှတ်ဖော်ပြထားသည့် အခကြေးငွေနှင့် နှောင့်နှေးသည့် ပေးပို့တင်ပြခြင်းအတွက် နောက်ကျကြေးအား သတ်မှတ်ထုတ်ပြန်ခဲ့ပါသည်။

          အဆိုပါ အမိန့်ကြော်ငြာစာ၏ နောက်ဆက်တွဲဇယား () တွင် သတ်မှတ်ဖော်ပြထားသော အခကြေးငွေများအနက် အောက်ဖော်ပြပါပုံစံများနှင့် စပ်လျဉ်းသည့် အခကြေးငွေများအား ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အောက်ဖော်ပြပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်ကြောင်း အသိပေးကြေညာအပ်ပါသည်-

(က)    အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သည့်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်းလျှောက်လွှာ (ပုံစံက-၁) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။

(ခ)     ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်းလျှောက်လွှာ (ပုံစံက-၃) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။

(ဂ)     တာဝန်ကန့်သတ်မထားသည့်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်းလျှောက်လွှာ (ပုံစံက-၄) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။

(ဃ)    ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီများအက်ဥပဒေအရ အစုရှယ်ယာများဖြင့် ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သည့်ကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ခြင်း လျှောက်လွှာ (ပုံစံက-၆) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။

(င)     ပြည်ပကော်ပိုရေးရှင်းတစ်ခုအဖြစ် မှတ်ပုံတင်ခြင်း လျှောက်လွှာ (ပုံစံ က-၈) အတွက် အခကြေးငွေအား ကျပ် ၂၅၀,၀၀၀ မှ ကျပ် ၁၅၀,၀၀၀။

(စ)     နှစ်စဉ်အစီရင်ခံစာ တင်ပြခြင်းအတွက် အခကြေးငွေအား ကျပ် ၂၀,၀၀၀ မှ ကျပ် ၅၀,၀၀၀။

(ဆ)    ပြည်ပကော်ပိုရေးရှင်း၏ နှစ်စဉ်အစီရင်ခံစာ ပေးပို့တင်ပြခြင်း အကြောင်းကြားစာ (ပုံစံ င-၇) အတွက် အခကြေးငွေအား ကျပ် ၂၀,၀၀၀ မှ ကျပ် ၅၀,၀၀၀။