Task Force Consultation and Dialogue on Responsible Business Conduct (RBC)ဆိုင်ရာ ဆွေးနွေးပွဲကျင်းပခြင်း

Task Force Consultation and Dialogue on Responsible Business Conduct (RBC)ဆိုင်ရာ ဆွေးနွေးပွဲကျင်းပခြင်း

Posted on 03 December 2019

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် Organization for Economic Co-operation and Development (OECD) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် Task Force Consultation and Dialogue on Responsible Business Conduct (RBC) ဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် Wyndham Grand Hotel Yangon ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦး နှင့် OECD မှ Policy Analyst ဖြစ်သူ Ms. Coralie Martin တို့က အဖွင့်အမှာ စကားများပြောကြားခဲ့ပြီး Ms. Coralie Martin က  RBC နှင့်စပ်လျဉ်းသည့် ကနဦး တွေ့ရှိချက်များကို တင်ပြဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ထိုင်းနိုင်ငံ၊ တရားရေးဝန်ကြီး ဌာနမှ Ms. Nareeluc Paichaiyapoom က ထိုင်းနိုင်ငံ၏ Responsible Business Conduct (RBC) ဆိုင်ရာ အတွေ့အကြုံ များကိုလည်းကောင်း၊ UNDP မှ Mr. Sean Lees က Example of National Action Plans ခေါင်းစဉ်ဖြင့်လည်းကောင်း Video Conferencing  ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းနောက် Ms. Coralie Martin က Implementing  Due Diligence for RBC ခေါင်းစဉ်ဖြင့် ဆက်လက် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက ဆွေးနွေးချက်များအ‌ပေါ် အမြင်ချင်းဖလှယ် ပြန်လည် ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲသို့ OECD မှ Ms. Coralie Martin၊ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်မျာအသင်းချုပ်မှ  ကိုယ်စားလှယ်များနှင့် ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်းများ စုစုပေါင်း(၃၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲ ကို မွန်းလွဲ ၁၄ ၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။