Coronavirus Diseases 2019 (COVID-19) ကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်လာနိုင်သည့် အချက်များအား ပုံမှန်စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Coronavirus Diseases 2019 (COVID-19) ကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်လာနိုင်သည့် အချက်များအား ပုံမှန်စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Posted on 18 March 2020

Coronavirus Diseases 2019 (COVID-19) ကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်လာနိုင်သည့် အချက်များအား ပုံမှန်စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၈ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဉီးစီးဌာန ရန်ကုန်(ရုံးချုပ်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို ပုံမှန်စောင့်ကြည့်လေ့လာရေးအဖွဲ့၊ အတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဉီးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်အောင် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ပုံမှန်စောင့်ကြည့်လေ့လာရေး လုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်(၁၀)ဦးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်(COVID-19)ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်းကော်မတီအား အထောက်အကူ ပြုနိုင်ရန်အတွက် (COVID-19)ကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်လာနိုင် သည့်အချက်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ နှင့် စီးပွားရေး အခြေအနေများကို အဖွဲ့ဝင်များမှ စဉ်ဆက်မပြတ် ပုံမှန်စောင့်ကြည့်တင်ပြသွားရန် ဆွေးနွေးခဲ့ ကြပါသည်။