ဟိုတယ်နှင့် အပန်းဖြေစခန်း ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်း

ဟိုတယ်နှင့် အပန်းဖြေစခန်း ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 09 December 2021

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ(ARIC)၏ အတည်ပြုမိန့်ဖြင့် ရင်းနှီး မြှုပ်နှံမှု ဆောင်ရွက်လျက်ရှိသည့် ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ်ရှိ ဟိုတယ်နှင့် အပန်းဖြေ စခန်း လုပ်ငန်းနှင့် ပုသိမ်ခရိုင်၊ ချောင်းသာမြို့နယ်ခွဲရှိ ဟိုတယ်နှင့် အပန်းဖြေစခန်းများ တည်ဆောက်၍ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းသို့ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသက်ပိုင် ဦးဆောင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်